Part.14

60.6K 7.8K 1.9K
                                    

Unicode

မာန့်ကိုဆေးရုံတင်ပြီးသတိမရတဲ့..သုံးရက်တာအတွင်း
ရှိုက်ကြီးတငင်ဝမ်းနည်းနေခဲ့တဲ့...ကျနော့်ကို

အိမ်ကြီးရဲ့တစ်ယောက်သောသူက
သတိထားမိစပြုလာခဲ့တယ်..။

မကြာခင်မှာပဲဦးခန့်ဟာ...ဖြေရခက်တဲ့
မေးခွန်းလေးတခုကိုကျနော့်ကိုမေးလာခဲ့သည်..။

"လွမ်းနဲ့သခင်လေးမာန်က....
ဘယ်လို...ပတ်သက်တာလဲ..''

မလိမ်ချင်တော့တာမလို့်အကြောင်းရင်းမှန်ကို..ရှင်းပြပြီးတဲ့နောက်
ဦးခန့်ကအတော်တုန်လှုပ်သွားခဲ့လေတယ်..။

ဦးခန့်က...ဆတ်ကိုသိပ်ချစ်တဲ့လူလေ..။

"သခင်လေးဆတ်ကိုပြန်ပြောမှာမဟုတ်လို့
ဒီတိုင်းလေးပဲနေပေးပါ''လို့ဆိုလာတဲ့
ဦးခန့်ရဲ့စကားတခွန်း..နောက်ကွယ်မှာ

ဆတ်နာကျင်မှာကိုစိုးရွံတဲ့ဦးခန့်ရဲ့မေတ္တာတရားဟာပေါ်လွင်လျက်..။

သုံးရက်မြောက်နေ့မှာတော့
မာန်ဟာသတိရစပြုလာခဲ့ပြီ. ။

"မာန်..သတိရလာပြီလား...''

ခေါင်းအနည်းငယ်ငြိမ့်ရင်း..မာန်ဟာစကားတခွန်းမှမဆို..။

ကျနော့်ကိုသာစိုက်ငေးကာကြည့်နေခဲ့လေတယ်..။

ဆတ်ကတော့ညစဉ်video.callခေါ်ရင်း
ကျနော့်ကိုသိပ်လွမ်းကြောင်းပြောပြနေဆဲ..။

မာန်မတော်တဆဖြစ်လို့ဆေးရုံတတ်ရသည့်
အကြောင်းပြောတော့ဆတ်ကစိတ်ပူစွာ..သတင်းမေးနေခဲ့တယ်လေ..။

တစ်ပတ်တာကာလအတွင်း..မာန်ဟာ
ကျနော့်ကိုစကားလေးတခွန်းတောင်..မပြောသလိုအရင်လိုရက်စက်စိမ်းကား..
တာတွေလည်းမရှိဘဲ...

ဆေးတိုက်တာတွေ
ထမင်းကျွေးတာတွေကို..အသာလေးငြိမ်ခံနေတဲ့မာန်ဟာ..အတိုင်းထက်အလွန်
တိတ်ဆိတ်နေခဲ့တယ်.။

ဘာတွေများ တွေးကာ....
ဘာတွေဖြစ်နေသလဲမာန်ရယ်..??

"မာန်..နေသာရဲ့လား...လိုတာတွေရှိသေးလား..''

မတ်တပ်ရပ်ကာ
မေးနေတဲ့ကျနော့်ကို
ကုတင်ပေါ်ကနေလက်ဖြင့်လှမ်းကာဆွဲချရင်း
ထိန်းဖတ်ထားတယ်..။

ကြယ်ခြွေသူ (Completed)Where stories live. Discover now