Unicode
ငါမြတ်နိုးစွာ..တန်ဖိုးထားစိုက်ပျိုးခဲ့တဲ့ ပန်းကလေးတပွင့်
ငါကိုယ်တိုင်ပဲ ဖျက်ဆီးခဲ့တယ်..သူ..နဲ့ တွေ့ဆုံခဲ့ခြင်း......
သူဆိုတဲ့ သူဟာ
ပန်းကလေးကိုဖျက်ဆီးချေမွရင်း
နာကျင်နေတဲ့..နှလုံးသားတစုံကို လျစ်လျူရှုကာ
ခပ်ဖွဖွရယ်မောလေတဲ့အခါနှလုံးသားဟာ
သူနဲ့ထပ်တူနာကျင် လေသလိုမနေနိုင်စွာ
မေးလေမိတော့သူဟာရယ်သွမ်းသွေးလေတယ်.. ။
"ဘာလို့လဲ..ဟုတ်လား
ဒါဆိုသေချာတယ်
ခင်ဗျားကပျက်စီးသွားတဲ့ပန်းလေးကိုပဲမြင်တာပဲ
နောက်ကွယ်ကသေဆုံးနေတဲ့..ဘဝတခုကိုရော
မမြင်ဘူးမလား
ချစ်ရတဲ့..ပန်းလေးကို..ဖျက်ဆီးဖို့အတွက်
နှလုံးသားတစုံကို စတေးခံ ဖို့လိုအပ်တယ်လေ..'''သွေးစိမ်းရှင်ရှင်...ကျနေတဲ့
သူ့ရင်ဘတ်တနေရာ..။စတေးခဲ့တာ..သူ့နှလုံးသားများလား...
ကျနော်နာကျင်စေဖို့အတွက်..သူဘယ်လောက်ထိ
ချစ်ပြနေဦးမလဲဟင်?အဖြေအဆုံးမှာ..ကျနော်ဟာသူ့ကိုငေးရင်း
ခေတ္တမျှကြောင်အနေမိတဲ့အခါစူးရှတဲ့သူ့မျက်ဝန်းတွေမှာ
ရုတ်ခြည်းထင်ဟပ်လာတဲ့...ကြေကွဲနေသော
မျက်ဝန်းတစ်စုံနဲ့ကျနော့်ကိုစိုက်ကြည့်လာပြန်တယ်..။သူ့ကိုသနားမိတဲ့..ကျနော်မှားမယ်မထင်ပါလေ..။
ဖြစ်ပေါ်လာတဲ့..ခံစားချက်ကို
မထိန်းနိုင်စွာ..ဖွင့်ဟမိပြန်တော့"သနားတယ်ဟုတ်လား
Hak..ခင်ဗျားရော..ဒီလိုအချစ်မျိုးနဲ့မကြုံရဘူးလို့
အာမခံနိုင်တယ်လား.. ''သူပြောတာလဲဟုတ်သလို..။
ဒါပေမယ့်..သူ့လောက်တော့..ကျနော်ချစ်နိုင်မယ်မထင်.. ။ရွှေရောင်ဖျော့ဖျော့ဆံပင်တွေ ကိုအသာသပ်တင်ရင်း
မျက်တောင်ညိုညိုတို့ကို..အောက်ငိုက်ချတဲ့အခါ