အဖြူရောင် တံခါးငယ်လေး.ကို
တမြတ်တနိုးငေးမောနေတဲ့ ညနေရောင်ဖြန်းတဲ့ဂျုံခင်းတွေလိုတောက်ပတဲ့ ရွှေရောင်ဆံနွယ်တွေနဲ့ ကလေးလေးတစ်ယောက်ရှိဖူးသတဲ့မျက်ရည်တွေဝေ့သီနေတဲ့အထီးကျန်ကလေးငယ်လေးဟာ သူ ့လက်ဖမိုးနဲ့ခပ်ကြမ်းကြမ်းဖိသုတ်ရင်း တံခါးလေးကိုသာ အားကိုးရာလိုမှီတွယ်ခဲ့တယ်..။
"မင်းရှိနေရင်ရပြီ...''
သူလေး ဒီလိုပြောခဲ့တယ်...
..
အချိန်အနည်းငယ်ကြာတံခါးလေးဟာ
နူးညံ့တဲ့နှင်းဆီရောင် ပြောင်းလဲသွားတယ်
ဒီတံခါးလေးကို သူဖွင့်ဖို့မတွေးသေးဘူးဘယ်သူမှဝင်လာမှာမဟုတ်တဲ့တံခါးလေးရှေ့မှာ သူသေချာစောင့်ကြည့်နေတာမလို့
"ငါ ယုံကြည်တယ်''
သူဒီလိုရေရွတ်ခဲ့တယ်..
ဘယ္သူမွ ဝင်လို့ရမှာမဟုတ်ဘူးတဲ့
..
အချိန်တွေကုန်ဆုံးသွားလို့ အသက်တွေကြီးလာခဲ့တယ်...
ဘယ်သောအခါမှ ဖွင့်ဖို့ မကြိုးစားမိခဲ့တဲ့ တံခါးလေးတစ်ချပ်ကတော့ ရှိနေခဲ့မြဲပဲ...ဒီအတိုင်းသူ ပိတ္ထားမိဆဲပဲ...
ဖွင့်ဖို့ ကြိုးစားတဲ့အခါ သေချာပေါက်သူ ့အတွက်ပဲ ဖြစ်လာမယ်လို့ သူယုံကြည်ရင်းပေါ့..
ဒီထဲမွာ ဘာမှမရှိဘူးလို့ သူစိတ်ချစွာယုံကြည်ခဲ့တဲ့ ဒီတံခါးလေး...
တစ်နေ့မှာ အသံတစ်စွန်းတစ ကြားခဲ့တယ်
"ကြယ်လေးတဲ့''
စကားအဆုံးမှာ..
သူ့နှလုံးသားဟာ တစစီ ကျိုးပျက်နေခဲ့တယ်..ကလေးငယ်ဟာ ခြောက်သွေ ့သွေ ့ အထပ်ထပ်ရယ်မောတယ်..."ဖွင့်စမ်း တံခါးဖွင့်စမ်း''
သူ့လက်တွေ ကျိုးပဲ့ပျက်စီးသွားခဲ့တယ်
ဒါပေမယ့် တံခါးလေးဟာပွင့်မလာခဲ့ဘူး.သူတစ်ချိန်လုံး စောင့်ကြည့်နေတဲ့ကြားက
ဒီအခန်းလေးထဲ ဘယ်သူကများဝင်သွားခဲ့တာတဲ့လဲ"ဘာကြောင့်လဲ ဖွင့်ပါ...''
တံခါးလေးဟာ သူ့တောင်းဆိုသံကိုလျစ်လျုရှုထားမြဲပဲ..
