ep-2

17.6K 1.4K 66
                                    

Zawgyi

စက္ကန့်တို့က မိနစ်ကို ဖြစ်စေသည်။ မိနစ်တို့က နာရီကို သယ်ဆောင်သည်။ နာရီတို့က နေ့ရက်တို့ကို မွေးဖွားသည်။ သူသည် သီတင်းပတ်များစွာကို ရိုးရှင်စွာ ဖြတ်သန်းခဲ့သည်မှာ ပထမစာသင်နှစ် ကုန်လွန်ခဲ့ပြီ။

နောက်ဆုံး စာမေးပွဲ ဖြေဆိုပြီးသွားသော်လည်း သူတို့မေဂျာသည် လေ့လာရေးခရီးထွက်ရဦးမည်။ ပထမနှစ်မှ တတိယနှစ်အထိ မြို့ကြီးရေလှောင်တမံအား သွားရောက်လေ့လာရမည်ဟု ဆိုသည်။

ကျောင်းသားကျောင်းသူများသည် ပင်မအဆောက်အဦး ရင်ပြင်တွင် ကိုယ့်အစုနှင့်ကိုယ် ဝိုင်းဖွဲ့ထိုင်နေကြသည်။ နေခြည်ပျိုးစ ဖြစ်သည်ကြောင့် ရောင်နီကောင်းစွာမထွန်းသေးပေ။ ထို့အပြင် မီးကပါပျက်နေသောကြောင့် မျက်နှာများကိုသဲကွဲစွာမမြင်ရပါ။ အရိပ်ကို ဖမ်းလျက် ကျောင်းသားများအကြား ခြူးရတီကိုလိုက်ရှာရသည်။

အဘယ်ဋ္ဌာနီသို့ ကြွမြန်းနေမှန်းမိသော မယ်တော်အား မြင်တွေ့ရန် စိတ်စောနေစဉ်မှာပင် သတိလွတ်စွာ လူတစ်ဦးကိုဝင်တိုက်မိသည်။  ရှာဖွေသော ခြူးရတီကို မတွေ့ပါဘဲ မရှာဖေသော ပြဿနာက သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာပါသည်။

"sorryပါဗျာ။ ကျွန်တော်မမြင်မိလို့ပါ"

ရေသီးသွားသောကြောင့် ချောင်းများအဆက်မပြတ်ဆိုးနေသော ထိုသူထံမှ တော်တော်လေးကြာမှ စကားပြန်ရလာပါသည်။

"လူတယောက်လုံးရပ်နေတာ မမြင်ရအောင် မင်းမျက်လုံးက ကန်းနေတာလား"

မျက်နှာကိုကောင်းစွာမမြင်ရသော်လည်း အသံနှုန်းထားအရ ထိုလူ၏ ဒေါသအရှိန်သည် အမြင့်ဆုံးတွင် ရှိကြောင်း သူ ရိပ်စားမိသည်။ သို့ရာတွင် ပြဿနာအား ခြုံငုံသုံးသပ်ကြည့်ရသော် မိမိအမှားချည်လည်း မဟုတ်သေးချေ။ မှောင်တောင်မဲတဲတွင် အနက်ရောင်ချည်းကိုသာ ဆင်မြန်းထားသော ထိုသူ၏အမှားလည်း တစိတ်တဒေသတော့ ပါဝင်ပါသည်။ မသိပါက အသုဘလိုက်ပို့တော့မည့် သူလိုထင်ရပြီး လူ့ခွစာဖြစ်မည့်အကြောင်း တစ်ပါတည်း အကဲခတ်မိလိုက်ပါ၏။ သိုပေမဲ့လည်း မိမိဘက်က အလွန်ဖြစ်သည်ကြောင့် ကျေနပ်အောင်ထိ တောင်းပန်ပေရဦးမည်။

Fortune Where stories live. Discover now