Zawgyi
ကုသိုလ်တော်ဘုရားမှအပြန်
ဆွေးနွေးရန်အတွက် အနောက်တိုင်းဆန်ဆန် ဒီဇိုင်းထွင်ထားသော ကော်ဖီဆိုင်လေးကို သူတို့နှစ်ယောက် ရွေးချယ်လိုက်သည်။တိတ်ဆိတ်နေသော ကော်ဖီဆိုင်လေးအတွင်းတွင် Piano သံငြိမ့်ငြိမ့်လေးသည် ချိုသာစွာပေါ်ထွက်နေသည်။ စစ်ရိမ်နောင်သည် အနက်ရောင်စားပွဲပေါ်တွင် တင်ထားသော အဖြူရောင်ကြွေပန်းအိုးလေးထဲမှ နှင်းဆီပန်းနီနီများကို စိုက်ကြည့်နေသည်။ သူ့ပုံစံသည် ဆိုင်အတွင်း ညင်ညင်သာသာလေး ပျံ့နှံ့နေသည့် pianoသံကို လေးလေးနက်နက် ခံစားနားထောင်နေသည်နှင့်တူသည်။
သို့သော်ကား စစ်ရိပ်၏ နားထဲတွင် သာယာငြိမ့်ညောင်းသော စန္ဒယားသံကို မကြားရ။ အတွေးဂယက်မှာပင် တဝဲလည်လည် ဖြစ်လို့နေသည်။
"စစ်က ကျောင်းပြီးရင် စေ့စပ်ပွဲတန်းလုပ်ချင်တာဆို"
သံစဉ်သည် သောက်လက်စ မတ်ခွက်ဖြူလေးကို နှုတ်ခမ်းမှ ခွာကာ သူ့အားပြောလာသည်။
သူ စေ့စပ်ချင်ပါသည်ဟု ပြောလိုက်ပြီးကတည်းက
မေမေသည် သံစဉ်တို့အိမ်ကို ညတွင်းချင်း ဖုန်းဆက်ပြောကာ မနက်တွင် သံစဉ်အား သွားတွေ့စေလိုကြောင်း ၊ သံစဥ့်သဘောထားကိုရော မေးမြန်းကြည့်လိုစေချင်ကြောင်း တဆက်ထဲပြောလေသည်။ သူကလည်း သံစဉ်ဆန္ဒကို သိချင်သောကြောင့် သံစဉ်နှင့် နှစ်ယောက်ထဲ ဆွေးနွေးကြည့်ရန် သွားတွေ့ဖို့ကို လက်ခံလိုက်သည်။"အင်း ဟုတ်တယ်။ သံစဉ်အတွက် အခက်အခဲ ရှိလို့လား"
"မရှိပါဘူး စစ်ကျောင်းပြီးရင် သံစဉ်လဲ မဟာဘွဲ့ပြီးလောက်ရောပေါ့ အဆင်ပြေပါတယ်"
သံစဉ်သည် MUFL မှာ အင်္ဂလိပ်ဘာသာကိုယူထားပြီး မဟာဘွဲ့တတ်ရောက်နေကာ တဖက်တွင်လည်း နာမည်ရ hotelမှာ တိုးဂိုက်လုပ်ပြီး ကိုယ့်ဝင်ငွေနှင့်ကိုယ် ရပ်တည်နေသူ တယောက်ဖြစ်သည်။ သူတောင် အခုမှ intern ဆင်းပြီး လုပ်ခလေးရတဲ့အချိန်မှာ သံစဉ်ကတော့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက သူမ ကျွမ်းကျင်သော ဘာသာစကားတွေကို အသုံးပြုကာ တိုးဂိုက် စလုပ်နေပြီဖြစ်သည်။
YOU ARE READING
Fortune
Romanceအချစ်ဆိုတဲ့အရာကို လူသားတွေဟာ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြတယ်။ကိုယ်ကတော့ အချစ်ဆိုတာ ကိုယ့်ချစ်သူရဲ့ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု လို့ဖွင့်ဆိုချင်တယ်။ သူစိတ်ချမ်းသာဖို့ဆိုရင် ကိုယ့်အသက်ကိုပေးဆပ်ဖို့တောင် ဝန်မလေးဘူး။ အခဈြဆိုတဲ့အရာကို လူသားတှဟော အဓိပ်...