ep-26

13.1K 1.2K 178
                                    

Zawgyi

ရုပ်ရှင်ပြီးသွားတော့ ရုပ်ရှင်ရုံဘေးတွင် ကပ်လျက် ဖွင့်ထားသော korea town သို့ လွယ်ကူစွာ ဝင်ထိုင်မိသည်။ siteက တန်းလာရသည် ဖြစ်သောကြောင့် နေ့ခင်းအာဟာရကို မမှီဝဲရသေးသော သူ့၏ ဗိုက်ထဲမှ ပိုးပေါင်းသောင်းခြောက်ထောင်တို့က တဂြီဂြီ အသံပေးကာ တပ်လှန်နေကြပြီ။

လေးထောင့် စားပွဲပုလေးတွင် တပြင်ခွေပြီး ထိုင်ချလိုက်သည့် အချိန်ထိ ဉာဏ်သည် သူ့အား စကားတခွန်းမျှ မဆိုသေးပါ။ ဉာဏ်သည် ရုပ်ရှင်ရုံမှာ သူနှင့် အခြေအတင်ဟု မဆိုသာသောလည်း အနည်းငယ် ကတောက်ကဆ ဖြစ်ပြီးသည့်နောက် တိတ်ဆိတ်နေသည်။

အမြဲသွတ်လပ် တတ်ကြွနေတတ်သော သုတဉာဏ်ကို ယခုကဲ့သို့ ထိုင်းမှိုင်းသည့်ပုံစံမျိုး မြင်တွေ့ရသည်မှာ ဤတစ်ကြိမ် အပါအဝင်ဆို နှစ်ကြိမ်တိတိရှိခဲ့ပြီ။

မှာထားသော ဟင်းပွဲတွေ လာချပေးသည် တိုင်အောင် ဉာဏ်သည် ရှေ့တည့်တည့်တွင်ရှိသော ရေထဲထားသည့် ဖန်ခွက်ကြည်ကြည်ကို သာ မမှိတ်မသုန် စိုက်ကြည့်နေသည်။

ဒီ အခြေအနေကြီးသည် သူ့အား အနေရခက်စေသည်။

တိတ်ဆိတ်ပြီး အနေခက်လှသော ဒီအခြေအနေကြီးမှ လွတ်မြောက်အောင် သူ တတ်နိုင်သရွေ့ ကြိုးပမ်းအားထုတ်နေမိသည်။

ထမင်းပန်းကန်လုံးကို ဉာဏ့်ရှေ့သို့ တွန်းပို့လိုက်ပြီး box ထဲမှ ဇွန်းနှင့်တူ တစ်စုံကို ထုတ်ယူပေးလိုက်သည်။

ထို့နောက် သူ ချောင်းတစ်ချက်ဟန့်ပြီး စကားစလိုက်ပါသည်။

" စားလေ။ မင်း ကြိုက်တတ်တဲ့ဟာတွေပဲ မှာထားတာ "

" ကျွန်တော် ဗိုက်မဆာဘူး "

ထိုကဲ့သို တခွန်းသာပြောပြီး ရှေ့မှာချထားသော ဖန်ခွက်ကို လှမ်းယူလိုက်ပြီး ရေတငုံ သောက်လိုက်ကာ မှန်နံရံအပြင်ဘက်သို့ ငေးကြည့်လေသည်။

သူ သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်ပြီး အမဲသားပြားကင်ကို တစ်ဝက်ပိုင်းပြီး ဉာဏ့်ပါးစပ်နားသို့ တေ့ထားလိုက်သည်။

မှန်နံရံမှ ပြေးလွှားလှုပ်ရှာနေသော လူသားအသီးသီးကို ငေးကြည့်နေသော သုတဉာဏ်သည် ပါးစပ်တွင် လာကပ်သော အမဲသားပြားကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားပုံရသည်။ မျက်ခုံးနှစ်ဖက်ကို ထိစပ်လုနီးနီး တွန့်ချိုးကာ နဖူးကြောလေးတွေ ရှုံ့သွားသည်အထိ မျက်မှောင်ကြုတ်ပြီး သူ့ဘက်သို့ လှည့်ကြည့်လာသည်။

Fortune Donde viven las historias. Descúbrelo ahora