Extra-2

9.7K 683 71
                                    

Unicode

" ကိုစစ်ရာ မြန်မြန် လုပ်စမ်းပါ ရထားမမှီဘဲနေတော့မှာပဲ "

သုတဉာဏ်၏ အလောတကြီးဆော်သြသံသည် အိမ်အပြင်ဘက်ထိတောင် လျံထွက်ကျနေပါသည်။ စစ်ရိပ် ပစ္စည်းပစ္စယများ အစုံအလင်ပါအောင် စစ်ဆေးပြီး ခရီးဆောင်အိတ်ကို ဇစ်ဆွဲပိတ်လိုက်သည်။ ထို့နောက် လက်တွင်ပတ်ထားသော နာရီကို တချက်ငုံ့ကြည့်လိုက်သည်။ ည ၇ နာရီ။

ဒီကောင်လေး ဘာလို့ ဒီလောက်လောနေပါလိမ့်။ bookingလုပ်ထားတဲ့ Grab တောင်မလာသေးတာကို။

မာကျူရီ မီးတိုင်မှုန်မှုန်တို့သည် လမ်းထဲသို့ ဖြာကျလျက်ရှိသည်။ နာရီကိုကြည့်လိုက် အိမ်ရှေ့လမ်းကို မျှော်ကြည့်လိုက် လုပ်နေသော ဉာဏ့်ကို သူ မျက်စိနှောက်လာသည်။

" ထိုင်နေပါ ဉာဏ်ရာ။ ရထားက ၈ နာရီမှကို။ ခုမှ အစောကြီး ရှိသေးတယ်။ ကိုယ် grab ကို ၇ ခွဲမှ လာခဲ့လို့ ပြောထားတာ "

" ရတယ်။ ရထားပေါ်လည်း ထိုင်နေရမှာပဲ "

သူပြောတုန်းတော့ ခနလေး ရပ်လိုက်သေးသည်။ နောက် ၅ မိနစ်လောက်ကြာတော့လည်း ထုံးစံအတိုင်း နာရီကြည့်လိုက် အိမ်ရှေ့ကြည့်လိုက် ဆက်လုပ်တာပါပဲ။

ခရီးထွက်ဖို့ကို လွန်စွာမှ တတ်ကြွနေသော သုတဉာဏ်ကို သူ လက်မြှောက်ထားလိုက်သည်။

ဟုတ်တော့လည်း ဟုတ်ပါသည်လေ။ ဉာဏ်နဲ့ထိုသို့ ခရီးမသွားရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ သူတို့ ဟန်နီးမွန်းထွက်ပြီး ကတည်းက မသွားဖြစ်တာဆို ၁ နှစ်ကျော်လောက်တော့ ရှိရောပေါ့။

သူကလည်း အလုပ်မအား ညဏ်ကလည်း ဆိုင်ကို လက်လွတ်လို့ မရဆိုတော့ အိမ်မှာတောင်မှ ညဘက်ဘဲ တွေ့ချိန်ရတယ်။ ဒါတောင်မှ ည ၉ နာရီနောက်ပိုင်းမှ။ သူ ခရီးထွက်ရပြီဆိုလည်း ၃,၄ လလောက်ကြာတာဆိုတော့ ဉာဏ်နဲ့ အေးအေးဆေးဆေး တွေ့ချိန်ကိုမရဘူး။ တခါတလေတော့လည်း တွေးမိပါရဲ့။ အိမ်ထောင်သည် ဘဝဆိုတာ ဒါများလားပေါ့။ အရင်ကတော့ လက်ထပ်ပြီးသွားရင် ဘာကိစ္စဘဲဖြစ်ဖြစ် အတူသွား အတူစား အတူလာ လို့တွေးခဲ့ဖူးသည်။ အခုများတော့ ထမင်းတနပ် လက်ဆုံစားဖို့အရေးကို မနည်း အချိန် ညှိနေရတယ်။

Fortune Where stories live. Discover now