ep-3

14.9K 1.4K 80
                                    

Zawgyi

သုတဉာဏ်အတွက် နှစ်တစ်နှစ်၏ အပျော်ဆုံးအချိန်မှာ ကျောင်းပိတ်ရက်များသာ ဖြစ်သည်။ အပြင်ထွက်လေ့မရှိသော သူသည် ဂိမ်းဆော့ရင်း၊ ဇာတ်ကားကြည့်ရင်း၊ စာအုပ်ဖတ်ရင်းဖြင့်သာ အချိန်ကိုအသုံးချ၍ စိတ်ကူးပေါက်မှသာ မေမေ့အတွက် ကားဒရိုက်ဘာ လုပ်ပေးဖြစ်သည်။

တူညီသောမနက်ခင်းတစ်ခုတွင် ကျယ်လောင်သော ဖုန်းသံမဆူခင်အထိ သူ၏ အိမ်မက်ကမ္ဘာက သာယာခဲ့ပါသည်။ မျက်လုံးမဖွင့်ဘဲ ဖုန်းကို နားသို့ကပ်သည်။

" ဘယ်သူ .... "

"သုတဉာဏ်! မနေ့ကငါစာပို့ထားတာကို seenဖြစ်ပြီး ဘာလို့replyမပြန်တာလဲ"

ပြီးဆုံးအောင်မပြောထွက်သေးမီ တစ်ဖက်မှထွက်လာသော ခြူးရတီ၏ အသံစူးစူးကြောင့် အိပ်ချင်စိတ်များလွှင့်သွားရသည်။

"အော်...annabelle ကြည့်ဖို့လား။ sorryဟာ gameဆော့ပြီးမှပြန်မယ်ဆိုပြီး မေ့သွားတာ။ နင့်တခြားသူငယ်ချင်းတွေနဲ့ပဲသွားလိုက်တော့"

"ဘာ! ငါကသူတို့ရှိရင်ခေါ်ပါ့မလား။ အာ့ဟာမတွေက ကြည့်ပြီးပြီတဲ့။ လိုက်ခဲ့ပါဟာ။ လက်မှတ်လည်းဖြတ်ပြီးပြီဟ"

"ဟာ..မလိုက်ချင်ဘူး"

"ဘာလဲ...နင်က မကြည့်ရဲလို့လား။ ယောက်ျားလေးဖြစ်ပြီးတော့ "

ခြူးရတီ၏ ခနဲ့သလိုမေးသံအဆုံးတွင် သူ အိပ်ရာမှ ဆတ်ခနဲ ထလိုက်မိသည်။ ယောက်ျားမာနအား ဘုရားတစ်ဆူ ဂူတစ်လုံးကဲ့သို့ ကိုးကွယ်တတ်သော သူ့ဟာကွက်ကို ခြူးရတီ ကောင်းကောင်း
သိလေသည်။

"အောင်မာ ဘာလို့မကြည့်ရဲရမှာလဲ။ လိုက်ခဲ့မယ်"

"ရေးး ဒါမှသုတကွ။ရုပ်ရှင်က ၁၂ခွဲပွဲနော် ၁၂လောက် ငါ့ကိုလာခေါ်ပေး ချစ်ဖရန့်လေး, bye"

ပြောချင်ရာပြောပြီး ဖုန်းချသွားသော ခြူးရတီကို သူ တိတ်တိတ်လေး ဆဲရေးလိုက်သည်။ ထို့နောက် သက်ပြင်းတချက် မှုတ်ထုတ်မိသည်။ သရဲကြောက်တတ်သည်မှန်သော်လည်း မိန်းကလေးတယောက်က ဒီလိုကြီးပြောလာပြန်တော့လည်း မခံချင်ပေ။

annabelle လက်မှတ်ရောင်းကောင်တာရှေ့တွင် တန်းဆီနေသောလူတန်းကြီးသည် ရှည်လျားလှပေစွ။annabelle ရဲ့ ညွှန်းချက်တွေကလည်း လန်းထွက်နေသကိုး။ ဇာတ်ကားကြည့်ပြီး ရူးပေါက်ချရတာတစ်မျိုး သရဲတွေ့ရတာကတစ်ဖုံနှင့် new feedတစ်ခွင်မှာ အရုပ်သရဲမပုံကိုပဲ ကြည့်နေရသည်။ သူတောင် အရုပ်မကို မြင်ရပါများလွန်းလို့ ကြောက်စိတ်ပြယ်ကာ ကြိုက်ချင်ချင်ဖြစ်လာရသည်။

Fortune Where stories live. Discover now