ep-32

13.3K 1.2K 138
                                    

Zawgyi

ခလုတ်ပိတ်၍ ထမင်းကြော်အိုးကို မီးဖိုပေါ်မှ ချလိုက်သည်။ ထို့နောက် နောက်ထပ် ဒယ်အိုးတစ်လုံးဖြင့် ကြက်ဥကြော်ရန် မီးဖိုပေါ်သို့ တင်လိုက်သည်။ ဆီအနည်းငယ် ထည့်ပြီး ကြော်ရန် အပူချိန်သို့ ရောက်အောင် စောင့်နေခိုက် ပုံခုံးပေါ်သို့ လာထိတွေ့သော ဦးခေါင်းတစ်လုံး။ မဝေးသော အကွာအဝေးမှ မျက်နှာထက်က facial form ရနံ သင်းသင်းကို ရသည်။ မလှုပ်မယှက် ကျောက်ရုပ်ကဲ့သို့ ရပ်နေမိသည်။ တချက်လှုပ်လိုက်ရုံဖြင့် အသက်အန္တရာယ်ကျရောက်နိုင်သည့် သူတစ်ဦးလို။ အသက်တောင် ရှူမိရဲ့လားမသိ။

ဒီလူကြီးသည် သူ့အား မြန်မြန် အသက်တိုစေချင်နေပုံရသည်။

" ဖယ်ဦးဗျာ .. မနက်စာပြင်ရဦးမယ် "

" အင်း .. ပြင်လေ "

" ခင်ဗျား ခေါင်းကြီးကို ဖယ်ဦးလေဗျာ။ ပွတ်သီးပွတ်သပ်နဲ့ ကြောင်ကျနေတာပဲ "

စိတ်ရှုပ်စွာ ပြောမိသည်။ သူ ထိုကဲ့သို့ ပြော၍မကြာမီ လူတစ်ကိုယ်လုံး ဆန့်ကျင်ဘက်အရပ်သို့ ဆွဲလှည့်ခြင်းကို ခံလိုက်ရသည်။ မျက်လုံးကို တည့်တည့်စိုက်ကြည့်သည်။ စူးရဲသော အကြည့်တို့ကို မခံနိုင်သဖြင့် မျက်လွှာချ ထားရ၏။

" ကိုယ် ဒီလိုတွေ ပြုမူနေတာကို စိတ်ရှုပ်နေတာလားဟင်။ ဒါမှမဟုတ် မကြိုက်ဘူးလား "

သူ ဘယ်လိုဖြေရမှန်းမသိ။ စိတ်ရှုပ်တာ၊ မကြိုက်တာမျိုး မဟုတ်ပေမဲ့ မနေတတ်တာပဲ ဖြစ်၏။ ကိုစစ် ဒီလိုမျိုး နုနုရွရွတွေ ပြုမူလိုက်လျှင် ချက်ချင်းပင် လူက နှလုံးခုန် ရပ်သွားသလို ခံစားရသည်။ အမြင့်ကြီးမှ ပြုတ်ကျလာသလို ရင်ထဲတွင် သိမ့်ခနဲ အေးခနဲ ခံစားသွားရပြီး ကြာလာလျှင် နှလုံးရောဂါရသွားနိုင်သည်။

နောက်ပြီး သူသည် ယောက်ျားတစ်ယောက်ဖြစ်သည်အတွက် ဒီလို အနုအရွအပြုအမူတွေကို သူ မခံစားတတ်။ သူကသာလျှင် ပြုမူချင်သည်။ သူရဲ့ စိတ်ခံစားချက်များအား ကိုစစ်ကိုလည်း ထုတ်မပြောနိုင်။ ကိုစစ် သူ့အပေါ် စိတ်ပျက်သွားမှာလည်းစိုးသည်။

" မဟုတ်ပါဘူး။ ကျွန်တော် မနေတတ်လို့ "

" ကြာရင် နေတတ်သွားမှာပါကွာ "

Fortune Where stories live. Discover now