Zawgyi
"ကိုစစ် မပါဘူးလား"
သုတသည် စောစောထရသဖြင့် စိတ်မကြည်ရသည့်ကြားထဲ ခြူးရတီက သူမ၏ အိုင်ဒေါအား လည်ပင်းဆန့်ရှည်မျှော်နေသဖြင့် စိတ်ချဉ်ပေါက်သွားမိ၏။
" ပါလာရင် နင် တွေ့ရမှာပေါ့။ မပါလာလို့ မတွေ့တာလေ။ အရေးမပါတာ "
သုတသည် အိပ်ရေးမဝသည့် ဝေဒနာကို ခြူးရတီထံသို့ ပုံချပစ်လိုက်ပါ၏။ သပွတ်အူကဲ့သို့ ရှုပ်ထွေးလွန်းသော အတွေးပေါင်းများစွာကို အစရှာနေခြင်းသံသရာဝဲဂယက်ထဲ မျောသွားသည်မှာ သန်းခေါင်ယံချိန်လွန်၍ လင်းကြက်တွန်လုနီးနီးနာရီသို့ ဆိုက်မြိုက်သည်။ မနေ့ည၌ စုစုပေါင်းသူ၏ အိပ်ချိန်သည် လေးနာရီပင် မပြည့်တပြည့်။
ဤသည်ကို ခြူးရတီသည် သူ့၏ နွမ်းလျသော မျက်နှာကျကို သေချာမစူးစမ်းဘဲ သူမ၏ မွေးသဖခင်ကို တမ်းတနေသေးသည်။
ရည်းစားကြီး ငုတ်တုတ်နဲ့ နှာက ဗူးချင်သေးတာ။သုတသည် သူငယ်ချင်း အရင်းအဖျားခေါက်ခေါက်ဖြစ်သော်ငြား ယင်းကဲ့သို့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ပစ်လိုက်ပါသည်။
ခြူးရတီသည် သူ့အား မျက်လုံးလေး ပေကလပ် ပေကလပ် ပြူးကြည့်နေပါသည်။ သူသည် ခြူးရတီကို အရေးစိုက်မနေဘဲ အသင့်စားခေါက်ဆွဲဗူးများနှင့် ဖျောရည်ခွက်များကို စားပွဲတွင် ဝယ်ချင်စဖွယ် ဖြစ်အောင် ပြင်ဆင်နေလိုက်သည်။
ခေါက်ဆွဲဗူးများကို စီရင်းမှပင် အစားအသောက်ရောင်းတာဝန်ခံအဖွဲ့တွင်းသို့ သူ့အား အတင်းကာရော ဆွဲသွင်းသည့် ကျေးဇူးရှင်မ ခြူးရတီကို ထပ်ပေါင်း စိတ်တိုလာရသည်။
မြွေ, မြွေချင်း ခြေမြင်သည်မို့ သူမ ဘယ်ပုံမျိုးနှင့် သူ့အား အရောင်းတာဝန်ကို ပေးမည်မှန်း သူ သဘောပေါက်မိပါ၏။ ကျောင်းမှာလည်း အလှပဒေသာကို ရှူတတ်သော မမတွေက များသကို မို့ပေလား။ သူသာ ဈေးရောင်းမည်ဆိုပါတာ သေချာပေါက် အမြတ်ထွက်လိမ့်မည်ဟု သူမ တွက်ချက်ထားပုံပေါ်ပါသည်။
သူသည် ခြူးရတီမမြင်နိုင်မှန်း သိသော်လည်း မျက်စောင်းတွေချည်းသာ ပိတ်ထိုးနေမိသည်။ သုတသာ နဂါးမျက်ဆံရှိပါက ခြူးရတီသည် ပြာပုံဘဝသို့ ကူးပြောင်းနေပြီဖြစ်၏။
YOU ARE READING
Fortune
Romanceအချစ်ဆိုတဲ့အရာကို လူသားတွေဟာ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြတယ်။ကိုယ်ကတော့ အချစ်ဆိုတာ ကိုယ့်ချစ်သူရဲ့ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု လို့ဖွင့်ဆိုချင်တယ်။ သူစိတ်ချမ်းသာဖို့ဆိုရင် ကိုယ့်အသက်ကိုပေးဆပ်ဖို့တောင် ဝန်မလေးဘူး။ အခဈြဆိုတဲ့အရာကို လူသားတှဟော အဓိပ်...