ep-9

12.8K 1.2K 57
                                    

Zawgyi

အိမ်မှ ထွက်လာသည့်အချိန်ကတည်းက စကားတခွန်းမပြောဘဲ ဖုန်းကြီးကိုသာ ငုံ့ကြည့်လျက် အသည်းအသန် ဂိမ်းဆော့နေပါသည်။ အရင်ကဆို မနက်စာကို ဘယ်ဆိုင်မှာစားမယ် ၊ဘယ်ဆိုင်ကိုမောင်းလို့ ပြောနေကြသူသည် ယခုဆို တေမိဇာတ်ကနေတာ ၁ပတ်ကျော်လို့ ၂ပတ်နီးပါးရှိရော့မည်။ အကြောင်းကား ရေရေရာရာ မသိ။

မေးလိုက်တိုင်းလည်း ခေါင်းခါပြသည်။     ယခင်က သွက်လက်ချက်ချာသော သုတဉာဏ်သည် ယခု၌ဝယ် နေမကောင်းသော ကြောင်တစ်ကောင်ကဲ့သို့ ငြိမ်ကုတ်နေပါသည်။

မျက်နှာထက်က တစ်စုံတစ်ရာ ရှုပ်ထွေးမှုတို့အား အစကောက်မိသော်ငြား ကာယံကံရှင်ကိုယ်၌က နှုတ်ဖွင့်မလာသောကြောင့် သူ ဇွတ်တရွတ် မမေးချင်ခဲ့ပါ။ သို့သော် ယနေ့တွင် ထိုအကြောင်းအရာ အနည်းအကျဉ်းတော့ သူ သိရမှဖြစ်တော့မည်။ ဉာဏ်၏ ပစ္စုပန်အမူအကျင့်ကြီးကို သူ မနှစ်မြို့ပါ။

ဂိမ်းသံမှ အပ တိတ်ဆိတ်နေသော လေထုကို သူ ဖြိုခွင်းလိုက်သည်။

"ဉာဏ် စားပြီးပြီလား "

" အင်း "

မျက်ဆံညိုများက ဖုန်းမှ မဖယ်ခွာဘဲ နှုတ်ခမ်းပိတ်ဖြေဆိုသည်။

" သေချာလို့လား "

သူသည် မယုံကြည်၍ တစ်ဖန်ပြန်မေးလိုက်သည်။

"ဟာ...သေချာပါတယ်ဆိုဗျာ"

ခပ်စူးစူး အသံကလေးက ငြူစူစွာ ထွက်ကျလာပါ၏။

မနက်တိုင်း သူလာမှသာ အိပ်ယာနိုးတတ်သော သုတဉာဏ်သည် အဘယ်နည်းနှင့်မျှ မနက်စား စား၍ မပြီးနိုင်ပါ။ ဒါကို သူရော ဉာဏ်ရော သိပါလျက်နှင့် ဘာကြောင့် ထိုကောင်စုတ်လေးသည် လီဆယ်ပြောနေရပါသနည်း။

သူသည် အဖြေရှာမရသောကြောင့် ကားကို လူရှင်းသည့်နေရာတွင် ထိုးရပ်လိုက်ပါသည်။ ဘေးခုံတွင် ထိုင်နေသော ဉာဏ့်ဘက် ခေါင်းလှည့်လိုက်သော်လည်း မျက်လုံးတစ်ချက်ပင့်ကြည့်ယုံမှ အပ ဘာမှထူးခြားမလာချေ။ ဂိမ်းကိုသာ သဲကြီးမဲကြီး ဆော့မြဲဆော့နေပါ၏။ သေချာပေါက် အဖြေကို သိရမည် ဖြစ်သောကြောင့် ဉာဏ်လက်ထဲမှဖုန်းကို ဆွဲယူကာ home bottom တချက်နှိပ်ပြီ deshboard ပေါ်ပစ်တင်လိုက်သည်။

Fortune Tahanan ng mga kuwento. Tumuklas ngayon