ep-31

17K 1.4K 180
                                    

Zawgyi

ညနေ အိမ်ပြန်ရောက်သည်အထိ စကားမပြော။ အိမ်ပြန်လမ်းတစ်လျှောက်လုံးလည်း တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်လာခဲ့သည်။

ရှက်နေတာလား? စိတ်ဆိုးနေတာလား ?

အကဲခတ်မလွယ်သော မျက်နှာရိပ်တချို့ဖြင့် ဉာဏ်သည် အရင်အတိုင်း ဟန်ဆောင်ကောင်းလွန်းနေခဲ့သည်။

ညစာအဖြစ် အန်တီလေးချက်ထားပေးသော ဟင်းထုပ်ကို မြိန်ရေယှက်ရေ စားပြီးနောက် စောစောအိပ်ယာ ဝင်သွားခဲ့သည်။

သူကလည်း အလိုက်တသိ စကားတစ်ခွန်းမဆိုပဲ ဆိတ်ငြိမ်စွာ အိမ်ရှေ့ခန်းမှာ သတင်းစာတစ်စောင်ကို ဖတ်နေမိသည်။

တဖြည်းဖြည်း ရွေ့လျားသွားသော နာရီလက်တံများ ၁၀ ဂဏန်းသို့ ညွှန်ပြသော နေရာတွင် ထိုင်ခုံမှ ထလိုက်သည်။

အိပ်ခန်းတံခါးရှေ့ ဝင်သင့် မဝင်သင့် စဉ်းစားတွေဝေနေသော သူ့အား အန်တီလေးက " ဝင်လေ ဘာရပ်လုပ်နေတာလဲ " ဟု တိုက်တွန်းတော့ ယောင်လည်လည်ဖြင့် လက်ကိုင်ဘုကို လှည့်ကာ ဝင်ခဲ့ရသည်။

မှောင်မဲမဲအခန်းထဲ မီးခလုတ်ကို အသာ လိုက်စမ်းတော့...

" မဖွင့်နဲ့ "

၇ နာရီစာနီးပါး မျှော်လင့်တောင့်တခဲ့ရသော အသံရှင်သည် အမိန့်တရပ်ကို ထုတ်ပြန်သိကြားစေသည်။ ချစ်ရသူနှင့်ပတ်သက်သမျှ အလွတ်ရနေသော မှတ်ဉာဏ်က ဒါသည် တခုခု မှားယွင်းနေပြီဖြစ်ကြောင်း အလျင်အမြန် သတင်းပို့သည်။

ရှာမတွေ့သော မီးခလုတ်ကို လိုက်မစမ်းဘဲ ခုတင်ဘေးက ညမီးအိမ်လေးကိုသာ ဖွင့်လိုက်သည်။

ပြာလဲ့လဲ့ မီးရောင်အောက်က ကြည်လဲ့လဲ့မျက်ဝန်းတစ်စုံ။

သူ့ကို မြင်တော့ စောင်ကို ခေါင်းထိလုံအောင် ခြုံပစ်သည်။ အနည်းငယ် တုန်ရီနေသော ကိုယ်ခန္ဓာနှင့် လွန်ခဲ့သော စက္ကန့်ပိုင်းလောက်က တွေ့ခဲ့ရသော မျက်ဝန်းတို့သည် သူ့ယူဆချက်ကို မှန်ကန်ကြောင်း ထောက်ခံပေးသည် သက်သေသာဓကများ။

" ဉာဏ် စောင်ကြီးကို ဖယ်စမ်း "

ပြောပြောဆိုဆို စောင်ကို ဆွဲလှပ်တော့ လက်ဖြင့် ဖိထားသည်။

Fortune Where stories live. Discover now