Zawgyi
ရောင်စုံမီးလုံးမျိုးစုံဖြင့် အလှဆင်ထားသော ခြံကျယ်ကြီးသည် တေးဂီတသံ ငြိမ့်ငြိမ့်ညောင်းညောင်းဖြင့် အသက်ဝင်လျက်ရှိသည်။ တန်ဖိုးကြီးလှသော အဝတ်အစား အပြင်အဆင်တို့ဖြင့် စေ့စပ်ပွဲကို တတ်ရောက်ချီးမြှင့်ကြသော လူကြီးမင်းများသည် အပြုံးတို့ကို ဖောဖောသီသီ သုံးစွဲနေကြသည်။
တူညီသောဝတ်စုံနှင့် စားပွဲထိုးများသည် ဟိုမှသည် ကူးလူးဖြတ်သန်းကာ ယောက်ယက်ခက်နေကြသည်။
အနောက်တိုင်း ဝတ်စုံနှင့် ခေတ်မှီစွာ ဝတ်ဆင်ထားသော စုံတွဲတစ်တွဲသည် ကြွရောက်လာကြသော ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့အား ခေါင်းကို ငြိမ့်ကာ ငြိမ့်ကာဖြင့် ဂါရဝပြု နှုတ်ဆက်နေသည်။
သူ မျက်စိရှေ့ မြင်ကွင်းတို့ကို ငေးမောရင်း လက်ထဲမှ ဝိုင်ခွက်ကို ကောက်မော့လိုက်သည်။ ပူပြင်းခါးသက်သည့် အရည်တို့သည် လည်ချောင်းဝမှ ဖြတ်သန်းကာ ဝမ်းဗိုက်တွင်းသို့ ပူလောင်စွာ စီးဝင်သွားသည်။
ယခုအချိန်တွင် သူ့ဦးနှောက်သည် ဘာမှမစဉ်းစား မတွေးတောမိဘဲ ဗလာသက်သက် ဖြစ်လို့နေသည်။ နှလုံးသားသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ခံစားရတာများလွန်းလို့ ထုံပေပေဖြစ်သွားပုံရ၏။ တစ်ပါးသူကို လက်ချင်းချိတ်ပြီး ဧည့်သည်တော်တွေကို ပြုံးပြနှုတ်ဆက်နေသော ချစ်ရသူကိုကြည့်ပြီး မုဒိတာပွားမိသည်။
" ငါ ဘယ်လိုမှကို မယုံနိုင်ဘူး။ ကိုစစ် တော်တော်ရက်စက်တယ် "
ခြူးရတီရဲ့ ခပ်တင်းတင်း အသံကြားတော့မှ သူမကို ငဲ့ကြည့်မိသည်။ အောက်နှုတ်ခမ်းကို အပေါ်သွားနှင့် ကိုက်ထားကာ မျက်နှာသည်လည်း ဝတ်ထားသော အင်္ကျီနီနီကဲ့သို့ အရောင်ရင့်နေသည်။
ပတ်ဝန်းကျင်ကို ဝေ့ဝဲအကဲခတ်မိတော့ ကိုယ်စီအာရုံများနေကြတာမို့ သူတို့စားပွဲဝိုင်းကို ဂရုမထားအား။ ခြူးရတီ ရည်းစား ကိုသက်နောက်တို့ အဖွဲ့ကလည်း ခပ်လှမ်းလှမ်းက စားပွဲဝိုင်းမှာ သူငယ်ချင်းတွေနဲ့ ပွဲကျနေတုန်း။
" ရပါတယ်ဟာ။ ငါဘာမှမဖြစ်ပါဘူး။ အဆင်ပြေတယ် "
ခြူရတီကတော့ အံတကြိတ်ကြိတ်ရှိနေဆဲပင်။
YOU ARE READING
Fortune
Romanceအချစ်ဆိုတဲ့အရာကို လူသားတွေဟာ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြတယ်။ကိုယ်ကတော့ အချစ်ဆိုတာ ကိုယ့်ချစ်သူရဲ့ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု လို့ဖွင့်ဆိုချင်တယ်။ သူစိတ်ချမ်းသာဖို့ဆိုရင် ကိုယ့်အသက်ကိုပေးဆပ်ဖို့တောင် ဝန်မလေးဘူး။ အခဈြဆိုတဲ့အရာကို လူသားတှဟော အဓိပ်...