Zawgyi
canteen တွင်ဖြစ်၏။ အတန်းတတ်ချိန်ဖြစ်သောကြောင့် canteenတွင် စုံတွဲတချို့ရှိသည်မှလွဲ၍ လူရှင်းကာ တိတ်ဆိတ်နေလေသည်။ ဆိုင်ရှင်ဦးလေးကြီးသည် ကောင်တာတွင်ထိုင်ကာ skynetမှလာသော မြန်မာကားကို ကြည့်ရှုနေသည်။ သူ့ရှေ့တွင် ခွေးတစ်ကောင်သည် ပျင်းရိငြီးငွေ့စွာ အိပ်ငိုက်နေပါသည်။
ထိုသို့သော တိတ်ဆိတ်ခြင်းများထဲတွင် သုတတို့စားပွဲဝိုင်းသည်သာ လက်ပံပင်ဆက်ရက်ကျသကဲ့သို့ ဆူညံနေ၏။ အကြောင်းကား ခြူးရတီသည် ကိုသက်နောင်အား ကျောင်းပိတ်ရက်အတွင်း အဖြေပေးလိုက်သောကြောင့် တရားဝင်သမီးရည်းစား ဖြစ်သွားသည့်အတွက် ကျွေမွေးပြုစုခြင်းပင်ဖြစ်သည်။ ခြူးရတီဘက်မှသူငယ်ချင်းက သူတစ်ယောက်ထဲသာရှိပေမဲ့ ကိုသက်နောင် ကတော့ အပေါင်းအသင်းအများသားပင်။
"ခြူးရတီ နင့်ဟာက အဖြေပေးတာမစောလွန်းဘူးလားဟ"
သုတသည် ခြူးရတီနားသို ကပ်ကာ နှစ်ကိုယ်ကြားရုံလေသံလေးဖြင့်မေးလိုက်မိပါသည်။
"ဟဲ့ ၄လလောက်ယူရင်တော့ပြီးပေါ့ နင်ကငါ့ကို ၃နှစ်၃မိုးအချိန်ယူစေချင်နေတာလား ကိုနောင်ကို ချစ်တာက စဉ်းစားစရာကိုမလိုတာ အဖြေတန်းပေးရင်မကောင်းလို့ နည်းနည်းမူနေရသေးတာ"
ပွင့်လင်းမြင်သာသော ခြူးရတီ၏အဖြေကြောင့် သုတသောက်လက်စဖျော်ရည်ပင် လည်းချောင်းထဲမှာ ခုလုခုလုဖြစ်သွားရသည်။
ဪ...ခုခေတ်မိန်းကလေးတွေများ ကယ်မလွယ်ပါ့လား။
"သက်နောင်...မင်းဒီလောက်နဲ့တော့မရဘူးနော်"
မေဂျာ ဘောလုံးအသင်းခေါင်းဆောင် ကိုအာကာက မကျေနပ်နိုင်ကြောင်းကို ပေါ်တင်ဖွင့်ဆိုလေသည်။ သူ့အနေဖြင့် အသောက်ကလေးပါ ပါစေလိုကြောင်းစကားခေါ်ဆိုလိုက်ခြင်းပင်။ ကိုအာကာသည် မည်မျှပင် အသောက်ခုံမင်သည်ဆိုရသော် ဘောလုံးပွဲတွင်တောင် အရက်ရှိန်မသေသေးသဖြင့် ဘောလုံးကတောင်ဆို သူကမြောက်ရောက်နေတတ်သော လူမျိုးဖြစ်သည်။
ကိုအာကာကို ကျန်သူများကလည်း ဝိုင်းဝန်းထောက်ခံကြသည်။

YOU ARE READING
Fortune
Romanceအချစ်ဆိုတဲ့အရာကို လူသားတွေဟာ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြတယ်။ကိုယ်ကတော့ အချစ်ဆိုတာ ကိုယ့်ချစ်သူရဲ့ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု လို့ဖွင့်ဆိုချင်တယ်။ သူစိတ်ချမ်းသာဖို့ဆိုရင် ကိုယ့်အသက်ကိုပေးဆပ်ဖို့တောင် ဝန်မလေးဘူး။ အခဈြဆိုတဲ့အရာကို လူသားတှဟော အဓိပ်...