ep-10

12.7K 1.2K 72
                                    

Zawgyi

ကောင်းကင်က တိမ်ရိပ်တိမ်စိုင် ကင်းမဲ့စွာ ကြည်ပြာသည်။ မွန်းတည့်ချိန်ဖြစ်သည့်အတွက်ကြောင့် နေမင်းသည် သူ၏ စွမ်းအင်များကို ဖောဖောသီသီ စွန့်ထုတ်နေသည်။  တိတ်ဆိတ်သော ဝန်းကျင်၌ ဆရာမက ကျောင်းသားတစ်စုအား theodolite ကြည့်ပုံကြည့်နည်း ရှင်းပြနေသံသာ လွှမ်းမိုးလျက်ရှိသည်။

သူသည် လက်တစ်ဖက်မှ ranging poleကို ဆုတ်ကိုင်ထားသောကြောင့် ကျန်အားသည့်လက်တစ်ဖက်ဖြင့် နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ကာ စိတ်ထဲမှ အတန်းခေါင်းဆောင်ကို မေတ္တာနာနာပို့လိုက်သည်။

ဆရာမက staking out building လုပ်ဖို့ မြေညီတဲ့နေရာရွေးဆိုတော့ ကျန်အဖွဲ့တွေက အရိပ်ရသော သစ်ပင်များအောက်ကိုသာ အဓိကထားပြီး ရွေးချယ်ကြသည်။ သူတို့အဖွဲ့ကိုခေါင်းဆောင်သောECကတော့ ရှည်လျားထွေပြားကာ ဘောလုံးကွင်းကို မြေတိုင်းဖို့နေရာသတ်မှတ်လေ၏။

ကျစ်ကျစ်တောက်ပူပြင်းသောနေက နဖူးကချွေး ခြေမကျစေသည်။ အမိုးအကာမရှိသော ဟာလာဟင်းလင်းပြင်တွင် အသားများက ပူစပ်ပူလောင်ဖြစ်ကာ လူက ငါးခြောက်လှန်းသည့်အတိုင်း ရှိနေသည်။ လေသည် တဟူးဟူးတိုက်ခက်လျက်ရှိ
ရာ တဖွားဖွား လွင့်စင်လာသော သဲမှုန်များကြာင့် နက်ပြာရောင်ပုဆိုးက ခပ်မွဲမွဲဖြစ်လို့ပင်နေပြီ။

ဒီ့အပြင် တိုင်လုံးအား ဆုတ်ကိုင်ထားရုံဖြင့်မပြီးသေးပါ။ theodolite ကြည့်သူ ညွှန်းပြသည့်အတိုင်း တိုင်လုံးကို ဘယ်ညာယိမ်းရွေ့ပေးရသည်။  ဆရာမနှင့် အနီးကပ်မနေချင်၍ poleကိုင်သည့်တာဝန်ကိုယူမိကာမှ ပိုဆိုးနေသည်။ ဘေးနားက ခြူးရတီ၏ စကားများကိုလည်း ထီးဆောင်းပေးသည်နှင့်မတန်အောင်  နားအူလာရသည်။ သူသည် ခြူးရတီအား ရင်ဖွင့်တိုင်ပင်မိတာ မှားသွားပြီလောဟုပင် ထင်လာသည်။ ရှေ့နေငှားမှ ထောင်လုံးလုံးကျတော့မည်လား မသိပါ။

စိတ်ရှိတိုင်းသာလုပ်ရမည်ဆိုလျှင် poleကို ပစ်ချပြီး ခပ်လှမ်းလှမ်းက သစ်ပင်ခြေရင်းမှာသာ ခြေပစ်လက်ပစ် ထိုင်နေချင်ပါတော့သည်။

"သုတ နင် ကိုစစ်ကို ချစ်တယ်မို့လား"

ဒီနေ့တစ်နေ့တည်းနှင့်ပင် အလားတူမေးခွန်းပေါင်း သုံးရာခြောက်ဆယ့်ငါးခု မေးပြီးပြီ။

Fortune Where stories live. Discover now