Chapter(8)
ထိုနေ့က .. အင်း .. ကျွန်တော်နဲ့သူနဲ့ တစ်လပြည့်တဲ့နေ့က ..
ကျွန်တော့်ကို Taeyang Sunbae က လိုက်ပို့ခဲ့ပါသည်။ လိုက်ပို့တော့ဖြင့် တော်တော်လေးကို နောက်ကနေပြီ ..
ကျွန်တော် Dorm ကို ပြန်ရောက်တော့ Sofa ပေါ်မှာ အိပ်နေတဲ့ Suho Hyung ကို ကြည့်ပြီး အားနာသွားခဲ့ရသည်။
ကျွန်တော်နှိုးပြီး အခန်းထဲ သွားအိပ်ဖို့ပြောတော့မှ သွားအိပ်သည်။ အိပ်ချင်မူးတူးနဲ့ဆိုတော့ ဘာမှမမေး ..
နောက်နေ့မနက်ကျတော့လည်း မမေးပါ ..
Baekhyun တို့ Jongdae တို့ကသာ အဓိကမေးကြသည်။ Chanyeol ကတော့ သိပြီးသားမို့လို့လားတော့ မသိ .. ဘာမှ ဝင်မပြော ..
ထိုနေ့နောက်ပိုင်းနေ့တွေကနေ .. ဒီနေ့ထိဆိုပါတော့ .. တစ်ပတ်ပင်ရှိပြီ ..
သူ ကျွန်တော့်ကို ဖုန်းမဆက်သေး ..
အဆက်အသွယ်မလုပ်ဘူး ပြောရမှာပေါ့ .. လာလည်းမတွေ့ ..
Europe Tour ကလည်း ပြီးသွားပြီ ဖြစ်တာကြောင့် .. သူ အားနေပြီဆိုတာကို ကျွန်တော်သိသည်။
ကျွန်တော်ကပဲ စပြီး ဖုန်းဆက်ကြည့်ရမလား ..
ဆက်လိုက်ပါမယ်လေ ..
ကျွန်တော်လည်း ဘေးတွင်ချထားသော ဖုန်းကိုယူကာ .. သူဖုန်းကို ခေါ်လိုက်သည်။
*လူကြီးမင်း ခေါ်ဆိုသော ..*
ကျွန်တော် အကြိမ်ကြိမ်ခေါ်ပေမယ့် သူ ဖုန်းကို မကိုင်ပါ .. ။
သူ့အိမ်ကို သွားကြည့်ရမလား ..
သူ့အိမ်ကို တစ်ခါပဲ ရောက်ဖူးပေမယ့် မှတ်မိသည်။
မသွားတော့ပါဘူး .. သူကြိုက်မှန်းမသိ မကြိုက်မှန်းမသိ ..
သွားရမလား .. ဘာဖြစ်မှာလဲ? ကျွန်တော်က သူနဲ့တရားဝင်တွဲနေတဲ့လူပဲကို ..
သွားကြည့်တာပေါ့ .. သူလည်း ပျော်ရင်ပျော်သွားမှာ ..
•••••••••••••••••••••••••••••••••••
သူ့အိမ်ကို သွားမှာဖြစ်ပေမယ့် ကျွန်တော် သူတို့နားက Supermarket မှာ အသီးတွေ မုန့်တွေ ဟိုရောက်ရင် စားဖို့အတွက် ဝယ်သွားလိုက်သည်။
