Chapter(16)
"အခုတစ်လော Kyungsoo မျက်နှာသိပ်မကောင်းသလိုပဲ .."
"အင်းလေ .. စစ်မှုထမ်းရပြီဆိုတော့"
ကျွန်တော် အိပ်ရာမှ နိုးလာတုန်း ကျွန်တော်တို့အခန်း အပြင်ဘက်မှ Jongdae နဲ့ ChanYeol ရဲ့ စကားပြောသံကို ကြားနေရသည်။
အဲ့လောက်တောင် သိသာနေပြီလား?
အင်းလေ ..
စစ်တပ်ထဲဝင်သွားတဲ့နေ့ကလည်း မတွေ့လိုက်ရဘူးလေ ..
တွေ့ရင် .. သေချာတယ်။ ကျွန်တော့်စိတ်ကို ကျွန်တော် ထိန်းနိုင်မှာ မဟုတ်ဘူး။ သူ့ကိုဖက်ပြီး ငိုမိလိမ့်မယ်။ အခုတောင် မငိုမိအောင် မနည်းထိန်းနေရတာ။
ကျွန်တော်တို့နောက်ဆုံးတွေ့ခဲ့တာက ဟန်မြစ်မှာပဲ ..
အခုဆို သူနဲ့မတွေ့ရတာ တော်တော်ကို ကြာနေပြီ .. ။
အခုတစ်လော Swing Kids ကလည်း ရိုက်ပြီးပြီမို့လို့ Schedule မရှိ .. အင်းပေါ့ Concert ကတော့ လုပ်နေရတာပေါ့။
Individual Schedule ကတော့ မရှိဘူးလေ ..
ကျွန်တော် Bangkok မှာ Concert လုပ်တုန်းကတောင် အရင်တစ်ခါလိုများ သူ Surprise လုပ်မယ်ဆိုပြီး ရောက်လာဦးမလားလို့ မဖြစ်နိုင်မှန်းသိရက်နှင့် 3 ရက် လုံးလုံး မျှော်နေမိသေးသည်။
အဆက်အသွယ်ကတော့ ဖြတ်ထားရတာဆိုတော့ ..
သူကတော့ အဆင်ပြေနေတယ် ထင်ပါတယ် ..
အထဲမှာလည်း သူ့ကို အနိုင်ကျင့်မယ့်သူမရှိဘူးဆိုတော့ ..
စဉ်းစားကြည့်တော့မှ သူ စစ်တပ်က ထွက်လာပြီးရင် ကျွန်တော့်အလှည့်က သိပ်မကြာဘူး .. ရောက်လာမှာပဲ။
အင်းပေါ့လေ ..
ဒီလိုပဲ ဘဝကို ဖြတ်သန်းရမှာပဲပေါ့ ..
•••••••••••••••••••••••••••••••••••
ဒီနေ့က စစ်မှုထမ်းနေတဲ့သူတွေကို မိသားစုတွေ သူငယ်ချင်းတွေနဲ့ ပေးတွေ့တဲ့နေ့ ..
ဒီအခွင့်အရေးက လက်လွှတ်ခံလို့ မဖြစ်ဘူးလေ ..
နောက်ပိုင်းမှာ တွေ့ရဖို့က တဖြည်းဖြည်းနဲ့ အကြိမ်အရေအတွက် နည်းလာတော့မှာ။ တွေ့လို့ရတုန်းမှာ တွေ့ထားမှ .. တော်ကာကျမှာ။