Chapter(30)

5.2K 509 75
                                        

Chapter(30)

ကျွန်တော်နဲ့သူနဲ့ ပန်းခြံထဲတွင် စကားအနည်းငယ်ပြောပြီးမှ Condo ဘက်သို့ ပြန်လာခဲ့သည်။

နည်းနည်းတော့ ကသိကအောက်နိုင်သည်။

ဒါပေမယ့်လည်း ကျွန်တော်နဲ့သူနဲ့ အခုလို နီးနီးကပ်ကပ် မနေဘူးတာလည်း မဟုတ်ဘဲနဲ့ ဘာလို့များ ဒီလိုဖြစ်နေတာလဲ?

ရုတ်တရက် ကျွန်တော့်လက်ကို လာထိသော သူ့လက် ..

ကျွန်တော်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ..

ကျွန်တော့်လက်နားမှာ တဝဲလည်လည်ရှိနေသော သူ၏လက် ~

ကိုင်မယ့်ကိုင် မြန်မြန်သာ ကိုင်လိုက်ပါတော့ Kwon Ji Yong ရယ် ..

နောက်တော့ သူက ကျွန်တော့်လက်ကို ကိုင်လိုက်သည်။

သူနဲ့ကျွန်တော်ရဲ့အဖြစ်က အခုမှ ရည်းစားစထားဖူးတဲ့ လူပျိုဖြန်းလေးတွေလို ..

တွေးရင်းနဲ့ မျက်နှာက ပူထူလာသည်။

ထိုစဉ် ဓာတ်လှေကားထဲမှ Luggage ဖြင့် ထွက်လာသော Seungri Hyung ~

ကျွန်တော် အယောင်ယောင်အမှားမှားနဲ့ သူ့လက်ကို လွှတ်ချလိုက်မိသည်။

"ဘယ်သွားမလို့လဲ?"

သူက Seungri Hyung ကို လှမ်းမေးလိုက်သည်။

"Hotel လေ .."

သူကတော့ ပြုံးတုံးတုံးဖြင့် ဆက်မမေးတော့ ..

"ဘာလုပ်ဖို့လဲ Hyung?"

"ဘာလုပ်ရမလဲ ? ပူပူနွေးနွေးအတွဲတွေကို ရှောင်ပေးရတယ်လေ။"

ထိုစကားကြောင့် ကျွန်တော်လည်း ရှက်ကာ ဆက်မမေးနိုင်တော့ ..

"ဒါဆို Hyung သွားပြီ"

ထို့နောက် Seungri Hyung က သူနဲ့ကျွန်တော့် နှုတ်ဆက်သွားသည်။

ကျွန်တော်တော့ ဒီညတစ်ညလုံး သူနဲ့ဘယ်လိုများ ဖြတ်သန်းရမလဲ?

••••••••••••••••••••••••••••••••••

သူက TV ကြည့်မယ်ပဲဆိုတာမို့လို့ .. TV ရှေ့မှာ ကျွန်တော်ကော သူရော ထိုင်နေမိသည်။

သူကတော့ ကျွန်တော့်ဘေးမှာ ..

သူတော့မသိ .. ကျွန်တော်ကတော့ TV မှာ လာနေတဲ့ အစီအစဉ်ကို စိတ်ဝင်စားမှု လုံးဝမရှိ ..

The Unseen String Where stories live. Discover now