Chapter(2) | Unicode |

263 27 6
                                        

Chapter(2)

M Count Down :

"Nae. အခုဆိုရင်တော့ Kpop ရဲ့ King တွေ ဖြစ်ကြတဲ့ G-Dragon နဲ့ EXO တို့ရဲ့ အမှတ်တွေကို ကြည့်ကြရတော့မှာပဲ ဖြစ်ပါတယ်။ ဟုတ်ကဲ့ .. အမှတ်တွေကို ပြပေးပါ။"

ကျွန်တော့်ရင်ထဲတွင်တော့ တဒိတ်ဒိတ်ပင်။ နိုင်ဖို့တော့ မျှော်လင့်ထားပေမယ့် စီနီယာဘက်က နိုင်သွားလည်း ကိစ္စမရှိပါဘူး။ စီနီယာနဲ့ ယှဉ်ပြိုင်ခွင့်ရတာတောင် ဂုဏ်ယူဖို့ ကောင်းနေပြီ။

Digital Sales တွေ Physical Sales တွေ အကုန်လုံးကတော့ တူတူတွေချည်း ..

"ဟုတ်ကဲ့ .. G-Dragon sshi ဂုဏ်ယူပါတယ်။"

MC ကောင်မလေးက သူ့အား Trophy ကို လှမ်းပေးလိုက်သည်။ ထိုအချိန်တွင် သူက ကျွန်တော့အား တစ်ချက်လှည့်ကြည့်လိုက်သည်။

"ဟုတ်ကဲ့ .. ပထမဆုံးအနေနဲ့ VIP တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို အစစ အရာရာ ပြင်ဆင်ပေးကြတဲ့ Staff တွေ ပြီးတော့ ဒီဆုကို ပေးတဲ့ MNet .. ကျွန်တော်နဲ့ အတူမရှိပေမယ့် ကူညီပေးခဲ့ကြတဲ့ member တွေ။ ကျွန်တော့်ကို အခုလို ရပ်တည်နိုင်အောင် ပျိုးထောင်ပေခဲ့တဲ့ YG Entertainment. နောက်ဆုံးအနေနဲ့ ဒီသီချင်းကို ကျွန်တော့် ပရိတ်သတ်တွေကို နားထောင်ခွင့်၊ ကျွန်တော့်ကို ဒီသီချင်းကို ထုတ်ဖို့အတွက် .. တွန်းအားတစ်ခု ဖြစ်ခဲ့တဲ့ ..

EXO ထဲက D.O."

သူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အောက်မှ ပရိတ်သတ်များဆီမှ အံ့သြသံတစ်ခုကို ကြားလိုက်ရသလို .. Member တွေ ဆီမှ အံ့သြနေတဲ့ အကြည့်မျိုးကို လက်ခံရရှိလိုက်သည်။

ပြီးတော့ သူ့ဆီမှလည်း စူးရှတဲ့ အကြည့်တစ်ချို့ ..

"Kyung လေး ဒီကို လာပါဦး .. "

Mic နဲ့ ခွာပြီး ပြောလိုက်တဲ့ စကား မဟုတ်တဲ့အတွက်ကြောင့် အကုန်လုံး ရှင်းရှင်းလင်းလင်း ကြားလိုက်မည်ဖြစ်သည်။

ကျွန်တော်လည်း ဘာလုပ်လို့ ဘာကို်ုင်ရမှန်း မသိပေမယ့်လို့ စီနီယာ ဖြစ်သူက ခေါ်နေတာမို့ သွားလိုက်ရသည်။

အကုန်လုံးကလည်း တအံ့တသြတွေ ဖြစ်လို့။

အနားကို ရောက်တာနဲ့ တစ်ခါတည်း ကျွန်တော့် ပခုံးအား သူ ဆွဲဖက်လိုက်သည်။

The Unseen String Where stories live. Discover now