Chapter(28)
"Kyungsoo ah .."
TV ကြည့်နေရင်း ကျွန်တော့်ဘေးမှာ လာထိုင်သော Suho Hyung ..
ဟိုတစ်ခေါက်က ကိစ္စဖြစ်ပြီးကတည်းက Hyung နဲ့ ကျွန်တော် စကားကောင်းကောင်း မပြောကြသေး ..
လိုတာထက်ပိုပြီးပေါ့ ..
မပြောလို့ မဖြစ်တာမျိုးကိုပဲ ပြောကြတော့သည်။
"ပြီးရင် Hyung နဲ့ တစ်နေရာမှ သွားသောက်ရအောင် .."
"ကျွန်တော် မသောက်ချင်ဘူး .. Hyung"
ငြင်းလိုက်မိသည် .. Hyung ရဲ့ ရည်ရွယ်ချက်က ဘယ်ကို ဦးတည်နေလဲဆိုတာကို သိတာမို့လို့ ..
"ဒါဆိုရင်လည်း ဒီတိုင်း လိုက်ခဲ့ပေးပါ Hyung နဲ့ .."
"Hyung ဘာလုပ်မှာလဲဆိုတာကို သိတာကြောင့် .. ကျွန်တော် မလိုက်ချင်ဘူး"
ကျွန်တော်ပြောလိုက်တော့ Hyung က မျက်နှာပျက်ယွင်းသွားသည်။
"မင်းအတွက်ပါ Kyungsoo .. မင်းကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ် Hyung နဲ့ လိုက်ခဲ့ပေးပါ"
အလေးအနက်တောင်းဆိုလာသည့် Hyung ရဲ့ ပုံကြောင့် ကျွန်တော် ခေါင်းငြိမ့်လိုက်မိပါသည်။
•••••••••••••••••••••••••••••••••
Suho Hyung က ရှေ့မှာ Soju ထည့်ထားသော ခွက်ကို မော့ချလိုက်သည်။
"မင်းနဲ့အတူ မသောက်ရတော့တာတောင် တော်တော်ကြာပြီ .."
ကျွန်တော်ကတော့ မသောက်ပါ ..
"အင်းပေါ့ .. အတူတူ သောက်တာလို့တော့ ဘယ်ခေါ်မလဲ? Haha .."
Hyung က သူ့ဟာသူပြောပြီး ရယ်နေသည်။
"မင်းကတော့ ထင်နေတော့မှာပဲ Hyung ကို .. ။ ဟိုးအရင်တုန်းကတော့ အဲဒီ့လူနဲ့ မတွေ့တော့ဖို့ အတင်းပြောပြီး .. အခု အဲဒီ့လူဆီ ဘာလို့တွန်းပို့နေတာလဲလို့ .. Haha"
ကျွန်တော် သက်ပြင်းတစ်ချက်ချလိုက်မိသည်။
"တွန်းပို့လည်း မရောက်တော့မှာမို့လို့ မကြိုးစားပါနဲ့တော့ Hyung"
ကျွန်တော်ပြောလိုက်တော့ Hyung က ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး ဖန်ခွက်ထဲသို့ Soju ထပ်ထည့်နေသည်။
KAMU SEDANG MEMBACA
The Unseen String
Fiksi Penggemar- There're some unseen string we haven't seen yet -
