Chapter(5)
"ကိုယ်တို့ တွဲရအောင် Kyung လေး"
"ခင်ဗျာ .. "
"တွဲရအောင်လို့"
ပြောရင်း သူက ကျွန်တော့် ဆံပင်ကို သပ်ပေးလိုက်သည်။
ကျွန်တော့်မှာ ပြောစရာလည်း မရှိ။ ဒီတစ်လောမှာ ကျွန်တော့်ကို ချဉ်းကပ်နေတာ ဒါကြောင့်လား?
"ဟို .. ကျွန်တော် Hyung နဲ့ မတွဲနိုင်ပါဘူး"
ကျွန်တော်ပြောလိုက်တော့ သူက အနည်းငယ် မျက်မှောင်ကြုတ်ပြီး
"ဘာလို့လဲ?"
"ကျွန်တော်ပြောခဲ့သလိုပဲ .. ကျွန်တော်က အဲဒီ့လို ယောက်ျားလေးမျိုး မဟုတ် -"
"ကိုယ်လည်း ပြောခဲ့သားပဲ။ ကိုယ်လည်း အဲ့လို မဟုတ်ဘူးဆိုတာကို .."
ကျွန်တော့်ရဲ့စကားကိုတောင် ဆုံးအောင် နားမထောင်တော့။
"ဒါပေမယ့် .. ဘေးပတ်ဝန်းကျင် အသိုင်းအဝိုင်းဆိုတာလည်း .. ရှိသေးတယ်လေ"
"Kyung လေးလည်း သိမှာပါ .. ကိုယ်က အဲဒါတွေကို ဂရုစိုက်တတ်တဲ့သူ မဟုတ်ဘူးဆိုတာကို"
ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ လက်မခံနိုင်ပါ။
"ကျွန်တော် မိန်းကလေးတွေကိုပဲ စိတ်ဝင်စားတယ်။"
ကျွန်တော်ပြောတော့ သူက ရယ်သည်။
"ကိုယ်လည်း မိန်းကလေးတွေကိုပဲ စိတ်ဝင်စားတာပါ .. ဒါပေမယ့် Kyung လေး ကတော့ ကိုယ့်ဘဝရဲ့ ပထမဦးဆုံး ခြွင်းချက်ပဲ"
ပထမဦးဆုံး ခြွင်းချက်?
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် Hyung သဘောမကျဘူး .. ဒီတိုင်း စီနီယာ ဂျူနီယာ ဆက်ဆံရေးပဲ။ လူတိုင်း ထင်နေသလိုလည်း ကျွန်တော်တို့က တကယ် မခင်ဘူးလေ"
ကျွန်တော်ပြောတာကို သူက ဘာမှပြန်မပြော ..
"OK လေ .. Kyung လေးလည်း ဒါကို စဉ်းစားဖို့ အချိန်လိုမှာပေါ့။ ကိုယ် ပေးပါ့မယ်။ ဒါပေမယ့် သိပ်တော့မကြာနဲ့။ ကိုယ်က စိတ်မရှည်တတ်ဘူး"
ကျွန်တော်လည်း ဘာမှပြန်မပြောတော့ပဲနဲ့ ရုပ်ရှင်သာ ဆက်ကြည့်နေလိုက်သည်။
