Chapter(14)

4.7K 443 59
                                        

Chapter(14)

"ထတော့လေ Kyung လေး .."

အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေရာမှ ကျွန်တော့်နဖူးကို ခပ်ဖွဖွလေး ပုတ်ကာ နှိုးလိုက်သောသူ ..

ကျွန်တော် မထသေးဘဲနဲ့ အင်း အဲ လုပ်နေလိုက်သည်။

"Aigoo .. ထပါဆိုတာကို .."

ပြောလျက်နှင့် ကျွန်တော့်နှုတ်ခမ်းကို နမ်းလိုက်သည်။

ကျွန်တော်သည်လည်း သူ့အနမ်းများကို ခံယူလျက်နှင့် ပြုံးလိုက်ပြီး သူ့လည်ပင်းကိုဖက်ကာ ပြန်၍တုံ့ပြန်လိုက်သည်။ 

အတန်ကြာတော့မှ ကျွန်တော့်ကို နမ်းနေရာမှ လွှတ်ပေးလိုက်သည်။ ကျွန်တော်လည်း ထထိုင်လိုက်တော့ သူက သူ့နဖူးနှင့်ကျွန်တော့်နဖူးကို ထိကပ်ထားလိုက်သည်။

ကျွန်တော်လည်း လက်နှစ်ဖက်နှင့် သူ့မျက်နှာကို ကိုင်လိုက်ပြီး အနမ်းများကို ကျွန်တော့်ဘက်မှ ဆက်လိုက်သည်။

သူကလည်း ပြန်လည်တုံ့ပြန်လာပြီး ကျွန်တော့်ခါးကို သူ့လက်နှစ်ဖက်နှင့်ဖက်လာတော့ ကျွန်တော်သူ့မျက်နှာကို ကိုင်ထားရာမှ သူ့လည်ပင်းကို ထပ်၍ဖက်လိုက်သည်။

ထို့နောက် အနည်းငယ် မောလာတာကြောင့် ခဏရပ်လိုက်ပြီး သူ့မျက်လုံးထဲသို့ အကြည့်များကို ပို့ထားလိုက်သည်။

သူဟာလည်း ကျွန်တော့်ကို ကြည့်နေသည်။

သေချာစဉ်းစားကြည့်ရင် ..

သူကော ကျွန်တော်ကောမှာ အဝတ်မရှိ ..

ကျွန်တော်ခြုံထားသော စောင်နှင့် ပလုံးပထွေးဖြစ်ကာ နှစ်ယောက်လုံး၏ ခန္ဓာကိုယ်များကိုကာထားသလိုဖြစ်နေသည်။

ကျွန်တော်သူ့ကိုကြည့်နေရင်း အသည်းယားလာတာမို့ သူ့ပါးလေးတစ်ဖက်ကို ဖြတ်ခနဲ လှမ်းနမ်းလိုက်သည်။

ရှက်ရွံ့စွာပင် ခေါင်းကိုငုံ့ထားလိုက်တော့ သူက ကျွန်တော့်မျက်နှာလေးကို ပင့်လိုက်ကာ ပြုံးပြနေသည်။

ကျွန်တော်လည်း သူ့ကိုပြန်ပြုံးပြလိုက်ပြီး ..

The Unseen String Where stories live. Discover now