Chapter(26)
"G-Dragon sshi နဲ့ D.O. sshi က ဒီကြားထဲ သီချင်းအတွက် ပြင်ဆင်ခဲ့ရတော့ ရင်းနှီးခဲ့မှာပဲနော် .."
Yoo Hee Yeol's Sketchbook အတွက် ရိုက်ကူးနေကြသော သူနဲ့ ကျွန်တော် ..
"ကျွန်တော်တို့က အရင်ကတည်းက သိခဲ့ကြတာပါ .."
သူက ကျွန်တော် ပြန်မဖြေခင်မှာတင် ဖြေလိုက်သည်။
"ဒါဆို သီချင်းပြင်ဆင်တဲ့အချိန်မှာ ကသိကအောက် ဖြစ်တာမျိုး မရှိခဲ့လောက်ဘူး ထင်တယ်"
"ဟုတ်ကဲ့ .. ကျွန်တော့်ဘက်ကတော့ လုံးဝမရှိပါဘူး .."
ကျွန်တော့်ကိုကြည့်ကာ ပြောနေသည့် သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ပေးလိုက်သည်။
"G-Dragon sshi ရဲ့ ဘက်က မရှိဘူးဆိုတော့ .. D.O. sshi ဘက်ကကော?"
"ခင်ဗျာ? .. ဟို .. မရှိပါဘူး .. Sunbae က .. ကူညီပေးပါတယ်"
အောင့်သက်သက်နဲ့သာ ပြောလိုက်ရသည်။
"Fan တွေက ဒီ Collabration ကို တအားကြိုက်ကြတယ်။ အခုဆိုလည်း Local Chart တွေမှာလည်း All Kill .. နိုင်ငံ 74 နိုင်ငံရဲ့ iTunes Chart မှာလည်း No.1 ရထားတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ကျေနပ်ရဲ့လား?"
"သေချာပေါက် ကျေနပ်တာပေါ့ .. ဒါပေမယ့် D.O. sshi ပြောသလိုပါပဲ Music is not competition လေ။ ကျွန်တော်တို့ အနုပညာရှင်တွေက ပရိတ်သတ်တွေကို ကိုယ့်ရဲ့Music ကို ထုတ်ပြပြီး ပရိတ်သတ်တွေ စိတ်ကျေနပ်ရင် ကျေနပ်ပါတယ်။ ကျွန်တော်တို့ရဲ့ Music ကို နားထောင်ပြီး ကြိုက်တယ်ဆိုရင်ပဲ ကျွန်တော် ကျေနပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို Chart တွေမှာ #1 ရအောင် အားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်"
သူ့ရဲ့အဖြေကို ကျွန်တော်ကြားပြီးတဲ့ အချိန်မှာတော့ ကျွန်တော် မှင်သက်သွားရသည်။
အဖြေက ကျွန်တော့်ရဲ့ခံယူချက်နဲ့ ကွက်တိကျနေသည်။
ဒီတစ်ခါတော့ သူ့ကို စိတ်ရင်းနဲ့ ချီးကျူးမိပါတယ်။
••••••••••••••••••••••••••••••••••
အခုတစ်လောက Schedule တွေနဲ့ပဲ ပြည့်နေသည်။
အဲဒါကလည်း ဒီ Collabration အတွက် Promotion တွေဆိုတော့ သူနဲ့က နေ့တိုင်းလိုလို အချိန်တိုင်းလိုလိုကို အတူတူရှိနေရသည်။