Chapter(12)
"Yobeosaeyo .. Suho Hyung လား? အခု .. ကျွန်တော့်ဆီ လာခဲ့ပေးလို့ရမလားဟင်? .."
ကျွန်တော့်မှာ အားကိုးစရာဆိုလို့ .. Suho Hyung ပဲ ရှိတော့သည် ..
"မြောင်ဒုံးက ရဲစခန်းမှာ .. "
တစ်ဖက်က Suho Hyung ရဲ့ 'ဘာ?!' ဆိုတဲ့ အသံကိုကြားလိုက်ချိန်မှာပဲ ကျွန်တော် ဖုန်းကိုချလိုက်သည်။
ကျွန်တော့်ဘဝတွင် ပထမဆုံး အချုပ်ထဲမှာ နေရခြင်းပဲ ..
အဲဒါတွေကို ကျွန်တော်စိတ်ထဲမထားပါ ..
ကျွန်တော့်စိတ်ထဲမှာ ..
သူပဲရှိသည် ..
သူ ဘာတွေကြုံနေရတာလဲ .. ?
ဆေးသုံးတယ်ဆိုတဲ့အထိ .. စိတ်ဖိစီးမှုတွေ များနေတာလားဟင်?
ကျွန်တော် ..
ကျွန်တော်က အသုံးမကျတဲ့ သူတစ်ယောက်ပဲ ..
ကိုယ်ချစ်ရတဲ့သူ ဘာတွေကြုံနေလဲဆိုတာတောင် မသိနိုင်တဲ့အထိ ..
သူ အခုကော ဘယ်ရောက်နေလဲ .. ?
သူ့ဆီကို ဆေးတစ်ခုခုတော့ ပါမသွားလောက်ပါဘူးနော် ..
တော်ကြာ ရဲတွေနဲ့ တွေ့နေမှ ..
ကျွန်တော် တွေးရင်းနှင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး ကြမ်းပြင်ပေါ် ထိုင်ချလိုက်မိသည်။
သူ အဆင်မှ ပြေပါ့မလား ..
••••••••••••••••••••••••••••••••••
"Kyungsoo .."
ကျွန်တော် Suho Hyung အသံကို ကြားလိုက်တာမို့ ထိုင်နေရာမှ ထလိုက်သည်။
Suho Hyung က ကျွန်တော့်ကိုမြင်တော့ ကျွန်တော့်ဆီလာသည်။ အနောက်တွင် Chanyeol နဲ့ Manager Hyung လည်း ပါလာသည်။
"Hyung .. ကျွန်တော်"
"ဘာမှမပြောနဲ့ .. အခုကိစ္စက ဘာပဲဖြစ်ဖြစ် ရဲတွေကို နှုတ်ပိတ်ပြီး ဖြေရှင်းလိုက်မယ်။ မင်း စိတ်မပူနဲ့။ ခုတော့ ခဏစောင့်ဦး .."
ထိုအချိန်တွင် Manager Hyung က ကျွန်တော့်ဆီသို့ လျှောက်လာပြီး ..
"Do Kyung Soo .. မင်း အခု ဘာတွေလုပ်နေတာလဲ? ဆေးသုံးတယ်ဆိုတာ ဘာလဲ?"
