Final Chapter
"Hyung ..?"
ကျွန်တော့်ခေါ်သံကြောင့် သူက ကျွန်တော့်ကို ထိုင်နေရင်းမှ လှည့်ကြည့်သည်။
"လက်ထဲက ဘာလဲ?"
ကျွန်တော် သူ့ဘေးမှာ ဝင်ထိုင်ပြီး မေးလိုက်သည်။
သူ့လက်ထဲကဟာကို သေချာကြည့်လိုက်တော့မှ ..
"Kyung လေး သွားချင်လား? ကိုယ်ကတော့ မသွားလည်းရတယ် .. မသွားရင် ပိုတောင်အဆင်ပြေသေးတယ် .."
"သွားလိုက်ပါ .. ဒီနှစ်မှာ ကျွန်တော်တို့သီချင်းကလည်း အရမ်းနာမည်ကြီးတာကို .. သွားကြမယ်လေ .. Junior လေးတွေကိုလည်း ဂုဏ်ပြုပေးလို့ရတာကို .."
ကျွန်တော်ပြောတော့ .. သူက ကျွန်တော့်ကို တစ်ချက်ကြည့်သည်။
"ဘာကြည့်တာလဲ? မဟုတ်လို့လား .."
ကျွန်တော်ပြောတော့ သူကရယ်သည်။
"ကျွန်တော်လည်း အဲ့လောက်တောင်တော့ ဆုမလိုချင်ပါဘူးနော်။ ဆုတွေအတွက် နောက်လုံးချင်းအိမ်တစ်လုံးတောင် ဝယ်ရဦးမယ် .. "
"Aigoo .. ကိုယ့် Kyung လေးက စကားတတ်လိုက်တာ"
ပြောရင်း သူက ကျွန်တော့်ပါးကို ခပ်ဖွဖွဆွဲလိုက်သည်။
"Kyung လေး သွားမယ်ဆိုတော့လည်း သွားကြတာပေါ့ .."
"အင်း .. သွားကြမယ်"
"ဒါနဲ့ ညကျရင် နမ်ဆမ်းတာဝါ သွားရအောင်လေ .."
"မနက်ဖြန်ညမှ သွားမယ် .. ကျွန်တော် ဒီနေ့ Hyungwon တို့နဲ့ Secret Bar မှာ ချိန်းထားလို့ .."
ကျွန်တော် ပြောလိုက်တော့ သူက မျက်နှာတစ်ချက်ပျက်သွားသည်။
"Hyungwon တို့နဲ့ ပေါင်းတာကြည့်ပေါင်းဦး .. သူတို့နဲ့ ပေါင်းမှ Bar တွေ Club တွေတောင် သွားလာတယ်နော်"
"Hyungwon တို့က ကျောင်းတုန်းကတည်းက ပေါင်းလာတာပါ .. ပြီးတော့ Bar တွေ Club တွှေ ရောက်အောင် ကျွန်တော့်ကို လမ်းစဖောက်ပေးတဲ့သူက Hyung ပါနော် .."
ကျွန်တော် မျက်စောင်းထိုးပြီးပြောလိုက်တော့ သူကလည်း ခပ်မဲ့မဲ့နှင့် .. ။
"ထားပါ .. ညကျရင် ကိုယ်လိုက်ခဲ့မယ် .."
"ဟင် ..?! ဘာလုပ်ဖို့ လိုက်မှာလဲ?"
KAMU SEDANG MEMBACA
The Unseen String
Fiksi Penggemar- There're some unseen string we haven't seen yet -
