Prologue

14.8K 736 38
                                        

Phone Ringing ~

တစ်ဆစ်ဆစ် ထိုးကိုက်လာသော ခေါင်းကို လက်နှင့် ဖိနှိပ်ထားလိုက်ပြီး အိပ်ရာ ဘေး စားပွဲပေါ်က ဖုန်းကို ယူလိုက်သည်။

ဘေးကို ကြည့်လိုက်တော့ အဝတ်မပါသော ကောင်မလေး တစ်ယောက် .. မနေ့က Club ကနေ ခေါ်လာတဲ့ Model တစ်ယောက်ဖြစ်မယ် ထင်တယ်။

"Yeobosaeyo"

*အေး .. Ji Yong ah ငါပါ။*

Caller ID ကို တစ်ချက်ကြည့်လိုက်တော့ ..

"Ah .. Kwangsoo Hyung .. ဘာပြောမလို့လဲ Hyung"

*ငါ မင်းအိမ်နားရောက်နေလို့ ခဏဝင်လာခဲ့မယ် ရတယ်မလား?*

"ရပါတယ် .. ဝင်ခဲ့လေ။"

*ငါနဲ့ခင်တဲ့ ကောင်လေး တစ်ယောက်လည်း ပါတယ်။*

သူစိမ်းတစ်ယောက် အိမ်ထဲကို ဝင်လာတာတော့ သိပ်မကြိုက်ပေမယ့် ငြင်းလိုက်လို့ အဆင်မပြေတာကြောင့် လက်ခံလိုက်သည်။

"ရတယ်လေ ..လာခဲ့။ ကျွန်တော် စောင့်နေမယ်။"

ထို့နောက် ဧည့်သည်နှစ်ယောက်ကို ဧည့်ခံရန်အတွက် မျက်နှာသစ်ပြီး တစ်ခုခု ပြင်ဆင်ဖို့ အိပ်ရာက ထလာလိုက်သည်။

ဟိုမိန်းကလေးကတော့ အခုထိ မထသေး။

ကျွန်တော်လည်း အားနာလို့ မနှိုးဖြစ်တော့။ နိုးလာရင် သူ့ဟာသူ ထပြန်သွားလိမ့်မယ်လေ။

••••••••••••••••••••••••••••••••

Ting Tong ~

Bell သံကြားတာမို့ သွားဖွင့်ကြည့်လိုက်တော့ Kwangsoo Hyung နဲ့ ကောင်လေးတစ်ယောက်။

"ဝင်ခဲ့လေ"

"Nae. Annyeonghasaeyo. Do Kyung Soo လို့ ခေါ်ပါတယ်။"

ထိုကောင်လေးရဲ့မျက်နှာကို ကြည့်ပြီး ကျွန်တော် ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။

"မင်းသူ့ကို သိတယ်မလား? EXO ထဲက D.O. လေ။"

Kwangsoo Hyung က ဝင်ပြောတော့မှ ..

"အော် .. နာမည်နဲ့ရုပ်နဲ့ မတွဲမိလို့ .. ရုပ်ရှင်လည်း ရိုက်တယ်မလား?"

"ဟုတ်ကဲ့ .. Sunbae. ရုပ်ရှင်လည်း ရိုက်ပါတယ်"

"ထိုင်ကြဦးလေ .."

The Unseen String Tahanan ng mga kuwento. Tumuklas ngayon