Chapter(22)

4.7K 494 87
                                    

Chapter(22)

ကိုယ်နှင့်မသိသောသူက များပြားလှသည် ..

ဒီနိုင်ငံမှာ မွေးတဲ့ ယောက်ျားလေးတိုင်း ဒါကို တွေ့ကြုံရတာပဲ ..

အချိန်တန်ရင် အဆင်ပြေသွားလိမ့်မယ် Do Kyung Soo ရယ် ..

Minseok Hyung ကတော့ ကျွန်တော် မဝင်ခင် သိပ်မကြာသေးတဲ့အချိန်ကမှ ဝင်သွားတာ ဖြစ်သည်။

ကွာမှ လပိုင်းလောက်ပေါ့ ..

သူက Ph.D အတွက် ပြင်ဆင်နေရလို့ Suho Hyung က ကျွန်တော်တို့ထက် တစ်နှစ်စောဝင်သွားသည်။

တစ်နည်းအားဖြင့် Kwon Ji Yong ရဲ့ ဒုတိယနှစ်မှာ Suho Hyung ရဲ့ ပထမနှစ် ..

ကျွန်တော် Suho Hyung ကို ပြောပြချင်ပါသည် ..

ဘယ်လောက်ပဲ သူဟာ ကျွန်တော့်ကို ဆူမည်ဖြစ်စေ ..

သေချာပေါက် ကျွန်တော့်ဘက်ကနေ ရပ်တည်ပေးလိမ့်မည်။

သေချာပေါက်ပေါ့ ..

ဒီနေ့ ပထမဆုံးနေ့ ..

တဖြည်းဖြည်းနဲ့ ရက်တွေ လတွေ နှစ်တွေ ပြောင်းသွားရင် ..

ကျွန်တော်လည်း ရင့်ကျက်တဲ့ နိုင်ငံတော်အတွက် အမှုထမ်းခဲ့တဲ့ လူအဖြစ် လောကကြီးကို တစ်ဖန် ရင်ဆိုင်မည်။

အရင်လို အချစ်ကြောင့်နဲ့ အရာရာကို စွန့်လွှတ်ချင်ခဲ့တဲ့ ပျော့ညံ့ညံ့ လူတစ်ယောက် မဟုတ်ဘဲပေါ့ ..

••••••••••••••••••••••••••••••••••

ဒီနေ့က စစ်မှုထမ်းနေရတဲ့သူတွေရဲ့မိသားစုဝင်တွေ သူငယ်ချင်း အသိမိတ်ဆွေတွေနဲ့ ပေးတွေ့တဲ့နေ့ ..

သူ့တုန်းကတောင် ကျွန်တော် သွားခဲ့သေးတယ်လေ ..

ရုတ်တရက် အဲ့နေ့က သူပေးခဲ့တဲ့အနမ်းတွေ အကြောင်းကို စဉ်းစားမိတော့ လက်တစ်ဖက်က နှုတ်ခမ်းကို ကိုယ့်ကိုယ်ကိုယ် မသိလိုက်ခင်မှာပင် ကိုင်လိုက်မိသည်။

သွားစမ်းပါ .. အဲ့အတွေးတွေ ..

"ငါ့သားလေး မျက်နှာတောင် ချောင်ကျသွားလားလို့ .. ထမင်းရော ကောင်းကောင်းစားရဲ့လား?"

Omma က ကျွန်တော့်ကို မေးသည်။

"စားပါတယ် Omma ရဲ့ ။ ကျွန်တော်က ဝမ်းနည်းနေရင်တောင် ထမင်းကတော့ အစားမပြတ်တာ Omma အသိပဲ။"

The Unseen String Onde histórias criam vida. Descubra agora