Chapter(13)
Ring Ring ~
မျက်နှာသစ်နေရင်း ဖုန်းသံကြားလိုက်တာမို့ 'သူများလား' ဆိုတဲ့ အတွေးနဲ့ မျှော်လင့်ရင်း ကြည့်လိုက်တော့ ..
တကယ်ပဲ သူဖြစ်နေခဲ့သည်။
သူ့ဘက်က အဆက်အသွယ် လုပ်တယ်ဆိုတော့ ပျော်လိုက်တာမှ အတိုင်းအဆမရှိပင်။
"Yobeosaeyo .."
*Kyung လေးလား?*
ရက်တော်တော်ကြာပြီးမှ သူ့အသံကို ကြားလိုက်ရတာက ကျွန်တော့်အတွက်တော့ အလွမ်းပြေစရာပင်။
ဒီအသံကိုကြားချင်နေခဲ့တာ ..
*Hae Eun ကို .. မှတ်မိတယ်မလား?*
Hae Eun .. အာ .. ဟို Noona ..
*မနက်ဖြန်ကျရင် သူ့မင်္ဂလာဆောင် .. ကိုယ့်ကိုမင်းကိုခေါ်လာဖို့ ပြောနေတယ် ..*
"ဟုတ် .. ကျွန်တော်လိုက်ခဲ့ပါ့မယ် Schedule မရှိဘူး"
*Ok . ဒါဆို မနက်ဖြန် ညနေ သုံးနာရီလောက် ကိုယ်လာခေါ်မယ်။*
"ဟုတ်ကဲ့ .. ကျွန်တော် စောင့်နေပါ့မယ်။"
ထို့နောက် သူက ဖုန်းချသွားသည် ..
မနက်ဖြန်ကျရင်တော့ သူနဲ့တွေ့ရမည်ဆိုတော့ ကျွန်တော် ရင်ခုန်နေမိသည်။ တော်သေးပါရဲ့ .. ကျွန်တော့်ကို ဟိုကိစ္စမမေးလို့ ..
ကျွန်တော်လည်း ထိုကိစ္စကို မေ့ကာ မနက်ဖြန် သူနှင့်အတူသွားရမည်ကိုတွေးကာ ရင်ခုန်ရင်း ..
*သူဟာ အလွန်ဟန်ဆောင်ကောင်းခဲ့သူ ဆိုတာကို ကျွန်တော် သတိမထားခဲ့ပါ*
••••••••••••••••••••••••••••••••••
မှန်ထဲတွင် ပေါ်နေသော ကိုယ့်ပုံကိုယ်ကြည့်ပြီး စိတ်တိုင်းမကျနိုင် ..
အဝတ်အစားတွေ ပြန်လဲနေတာလည်း ဆယ်ခါကျော်နေပြီ ..
အခုထိ စိတ်တိုင်းမကျသေး ..
မထူးတော့ပါဘူး .. ဒီဟာပဲ ဝတ်သွားလိုက်ပါတော့မယ် ..
ရုပ်ရှင်ကရိုက်နေတုန်းဆိုတော့ အခုထိ ဆံပင်ကတော့ ရှည်မလာသေး ..
စစချင်းတုန်းကတော့ စစ်သားပုံစံညှပ်ရတာကို လွတ်လွတ်လပ်လပ်ပိုရှိလို့ သဘောကျခဲ့ပေမယ့် ..
