Chapter(10)

4.2K 451 55
                                        

Chapter(10)

"ပြောလို့ပြောတာတော့ မဟုတ်ပေမယ့် အခုတစ်လော Do Kyung Soo sshi ကြောင့် Scene တွေက နောက်ကျနေတာ .. တကယ်လို့ အဆင်မပြေရင် မင်းသားပြောင်းရလိမ့်မယ်"

"တောင်းပန်ပါတယ်။ ဒီကြားထဲမှာ ကိစ္စတစ်ခု ရှိလို့ပါ .. နောက်ဆုံးပါပဲ။ ကျွန်တော် နောက်နေ့ကျရင် အကုန်လုံးကို ပြီးအောင် ရိုက်ပေးပါ့မယ် .. တောင်းပန်ပါတယ်"

ဒီကြားထဲတွင် သူဟာ ကျွန်တော့်ကို သူ့အိမ်ကိုလာပြီး တစ်ခုပြီးတစ်ခု လုပ်ပေးဖို့ ပြောသည်။ အထူးသဖြင့်တော့ ဟင်းချက်တာပေါ့ ..

သူ ကျွန်တော် ချက်တာကို ထုတ်မပြောပေမယ့် သဘောကျပုံပါပဲ ..

အဲဒါကြောင့်လည်း အခုတစ်လော .. Shooting ကနေ ခဏခဏ ထွက်နေရတာ ..

အခုတော့ သူ့ကို ဒီကြားထဲ မလာနိုင်ကြောင်း ပြောထားမှပါလေ ..

••••••••••••••••••••••••••••••••••

သူ့အိမ်ကိုလည်း ဝင်ထွက်နေတာကြောင့် အိမ် Password ကိုတော့ ပြောပြထားသည်။

အဲဒါကြောင့် အရင်လိုတော့ ဘဲလ်တီးစရာမလိုတော့ ..

"Hyung .. ကျွန်တော် ရောက်ပြီ"

ပြန်တော့ထူးသံမကြား ..

အခန်းထဲမှာလား မသိဘူး .. အခန်းထဲမှာဆိုရင်တော့ ထားလိုက်ပါတော့မယ် .. တော်ကြာ စိတ်ဆိုးသွားဦးမည်လေ ..

ထိုင်ဖို့လုပ်လိုက်ရင်း Sofa ပေါ်မှာ သူချွတ်ထားပုံရတဲ့ အင်္ကျီကိုတွေ့တော့ ကျွန်တော် အဝတ်ထည့်တဲ့ပုံးကို ယူပြီး ကောက်ထည့်လိုက်သည် ..

သူထွက်လာရင် လျှော်ရမယ့် အဝတ်တွေရှိသေးလား မေးရမယ်။

ရုတ်တရက် အချိန်ကို သတိရသွားပြီး လက်တွင်ပတ်ထားသော နာရီကိုကြည့်လိုက်တော့ ညစာစားချိန်ပင် ရောက်နေပြီ။

တစ်ခုခု ပြင်ဦးမှပဲ ..

သူ့ဟာနဲ့သူဆို အပြင်ထွက်စားရင်စား .. ဒါမှမဟုတ် .. ခေါက်ဆွဲပြုတ်နဲ့ပဲ ပြီးသွားမှာ ။

အပြင်စာတွေကလည်း အမြဲတမ်းစားရင် သိပ်မကောင်း ..

ကျွန်တော်ရှိတော့ သူအဆင်ပြေတာပေါ့ ..

The Unseen String Donde viven las historias. Descúbrelo ahora