Chapter(27)
"ထတော့လေ .. Kyung လေး"
အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေစဉ် နားထဲသို့ ဝင်လာသော အသံတစ်ခုကြောင့် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်မိသည်။
အိပ်မက်လား .. ဘာလား?
"ထတော့လေ .. ဒီနေ့ Schedule မရှိဘူးဆိုပြီး အကြာကြီး အိပ်နေရင် ခေါင်းကိုက်လိမ့်မယ်"
အာ .. ဟုတ်သားပဲ .. ။
ညက သူ့အိမ်မှာ အိပ်လိုက်ရတာ ..
ရုတ်တရက် ညက သူနဲ့နမ်းခဲ့တာကိုပါ တွေးမိလိုက်တော့ လူက ပူထူသွားသည်။
"ထ .. ထ .. ရေသွားချိုးချည်"
ကုတင်ပေါ်မှာ မလှုပ်မယှက်ဖြင့် လှဲနေသည့် ကျွန်တော့်ကို ပွေ့ချီလိုက်သည်။
"ဟာ!! ခင်ဗျား ဘာလုပ်တာလဲ?"
ပြီးတော့ သူ့အခန်းထဲမှ ရေချိုးခန်းရှေ့ကို ပွေ့ချီကာ ခေါ်သွားပြီး ချပေးလိုက်သည်။
"ရေသွားချိုးတော့ .. အဝတ်အစားတွေ ထုတ်ထားပေးမယ်"
အတင်း ကျွန်တော့်ကို ရေချိုးခန်းထဲ ထည့်လိုက်ပြီး တံခါးကို ဆွဲပိတ်လိုက်သည်။
ရုတ်တရက်မို့လို့ ကျွန်တော်လည်း ဘာမှပြန်မလုပ်နိုင်လိုက် ..
အိပ်ချင်မူးတူးနဲ့ ဆိုတော့ ပိုဆိုးသည်။
ပြီးရင်တော့ ကျွန်တော်လည်း ပြန်တော့မည်။
အလုပ်ချိန်ကလွဲပြီး သူနဲ့မရှိနေတာ ပိုကောင်းမည်။
ဒါမှလည်း စိတ်ဖြတ်နိုင်မှာ ..
•••••••••••••••••••••••••••••••••
"အဝတ်အစားတွေကိုတော့ Schedule ရှိတဲ့နေ့မှ ပြန်ပေးမယ်။ ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး .."
မီးဖိုချောင်မှာ အလုပ်ရှုပ်နေပုံရသော သူ့ကို လှမ်းပြောလိုက်သည်။
Apron ဝတ်ထားသော သူ့ပုံက ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံမျိုး ..
ကျွန်တော်ပြောလိုက်တော့ ရေခဲသေတ္တာရှေ့ကနေ ကျွန်တော့်ရှေ့ကို ရောက်လာသည်။
KAMU SEDANG MEMBACA
The Unseen String
Fiksi Penggemar- There're some unseen string we haven't seen yet -
