Chapter(1) | Unicode |

244 32 9
                                        

Chapter(1)

Dec 21 ရက်နေ့မှာတော့ Korean Music Chart တွေမှာ အပြိုင်ဖြစ်နေသည့် EXO နှင့် G-Dragon တို့၏ သီချင်းနှစ်ပုဒ် ..

အနားကပ်မှ ရုတ်တစ်ရက် သီချင်းတစ်ပုဒ်ကို ချပြမယ်လို့ ပြောတဲ့ G-Dragon ..

2015 တုန်းကတော့ BIGBANG နှင့် EXO တို့ဟာ ထိပ်တိုက်တွေ့ဖူးကြသည်။ ထိုအချိန်ကလည်း K-pop industry ရဲ့ legendary moment ဆို မမှားပါဘူး ..

နှစ်ဖွဲ့လုံးက ဒိတ်ဒိတ်ကြဲတွေလေ .. ။

ဒါပေမယ့် တစ်ယောက်သော သူအတွက်တော့ ဒီတစ်ခေါက်က သူ့အတွက် ပိုပြီး ရင်ခုန်စရာ ကောင်းနေမည်ထင်သည်။

ပြီးတော့ အံ့သြစရာကောင်းတာ တစ်ခုက ..

Album တစ်ခုလုံး ထွက်ရင်တောင် Music Show တွေမှာ လိုက်ပြီး မဖျော်ဖြေတတ်တဲ့ သူဟာ အခုတော့ Single သီချင်းလေး တစ်ပုဒ်ထဲနဲ့ Music Show တွေမှာ လိုက်ပြီး ဖျော်ဖြေဖို့ လုပ်ထားတယ်ဆိုတာပဲ ..

"မင်း မသွားလဲဖြစ်တာကို .. အခုတလော ထူးဆန်းနေတယ်နော်။ ဘာမပြော ညာမပြောနဲ့လည်း သီချင်းတစ်ပုဒ်ကို ထုတ်လို့ထုတ် .."

YG ရဲ့ CEO ဖြစ်တဲ့ Yang Hyun Suk ကတောင် ပြောလို့မနိုင်စွာဘဲ ..

"ဒီတိုင်း ကျွန်တော် သွားချင်လို့"

သေချာပါသည်။ ထိုသို့ပြောလိုက်သည့် အချိန်တွင် သူပြုံးနေမည်ဆိုတာကို။

••••••••••••••••••••••••••••••••••

"ဟိုဘက်ခန်းမှာ G-Dragon Sunbaenim ရှိတယ်။ ငါတို့ ပြီးရင် သွားနှုတ်ဆက်ရအောင်။"

Suho Hyung က ပြောလိုက်တာကြောင့် ကျွန်တော်တို့ အားလုံးလည်း လက်ခံလိုက်ကြသည်။

ထိုသူ့နာမည်ကြားတာနှင့် ဟိုတစ်ပတ်က မြင်ခဲ့တဲ့ မြင်ကွင်းကိုပဲ ခေါင်းထဲတွင် ပြေးမြင်မိသည်။

အဲဒီ့နေ့ကတည်းကလည်း ခေါင်းထဲက ထုတ်မရ။

ဘာကြောင့်လဲတော့ မသိ။

အခုလည်း သွားမတွေ့လို့ကလည်း မရဘူးလေ။ သွားတွေ့ရမှာလည်း မျက်နှာက ခပ်ပူပူပဲ။

ဒုက္ခပါပဲ ..

"အကုန်လုံး ထ .. စီနီယာတွေကို သွားနှုတ်ဆက်ရမယ်"

The Unseen String Where stories live. Discover now