Chapter(3)
"G-Dragon sshi .. "
အနည်းငယ် ကိုးရို့ကားယားနိုင်နေသော ကျွန်တော်နှင့်သူ၏ အခြေအနေထဲသို့ ရုတ်တရက် ဝင်လာသော Director ကြီးကို ကျွန်တော် စိတ်ထဲကနေ ထိုင်ကန်တော့မတတ် ကျေးဇူးတင်မိသည်။
သူကလည်း အနောက်ဆုတ်သွားပြီး ..
"ကျေးဇူးတင်ပါတယ်ဗျာ .. Kyungsoo ကို လာတွေ့တာဆို .. G-Dragon လို လူမျိုးတောင်မှ လာပြီးတွေ့ရတယ်ဆိုရင် တော်ရုံတန်ရုံ ခင်မင်မှုမျိုး မဟုတ်ဘူးပဲ .."
Director ကြီးရဲ့ စကားကြောင့် သူ ပြုံးလိုက်သည်။
"ဟုတ်တာပေါ့ .. တော်ရုံတန်ရုံ ဘယ်ဟုတ်မလဲ .. Very special ပေါ့။"
ကျွန်တော် သူ့ကို ကြည့်လိုက်မိသည်။
"ဒါဆိုရင် ကျွန်တော် သွားလိုက်ဦးမယ် .. နှစ်ယောက်သား စကားပြောကြပါ။"
ပြောပြီး Director ကြီးက ထွက်သွားသည်။
ထို့နောက် သူက ကျွန်တော့်ကို ခေါင်းမှခြေ အဆုံး ကြည့်ပြီး ..
"ဘာလဲ? စစ်သားလား Character က"
"Nae."
"Ah .. ဒါကြောင့် ဆံပင်က .. ထားပါတော့ .. Shooting ဘယ်အချိန်ပြီးမှာလဲ?"
"ခင်ဗျာ? နောက်ထက် Scene တစ်ခု ရိုက်ပြီးရင်တော့ ပြီးပါပြီ။"
"Ok .. ဒါဆို ကိုယ် ကားထဲက စောင့်နေမယ် Kyung လေး .. ပြီးရင် တစ်နေရာရာ သွားရအောင်"
ကျွန်တော့် တုံ့ပြန်မှုကိုပင် မစောင့်ဘဲ ထွက်သွားသောသူ ..
သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ထို့နောက် ကျွန်တော်ကတော့ ဒီနေ့အတွက် လက်ကျန် Scene ကို ဆက်ရိုက်သည်။
ထိုအချိန်တွင်လည်း ကားပေါ်မှာ စောင့်နေမည်ဆိုသောသူက ကျွန်တော် သရုပ်ဆောင်တာကို Director ဘေးနားမှာ ထိုင်ပြီး ကြည့်နေသည်။
Director ကြီးနဲ့လည်း စကားတွေ ပြောလို့ ..
Scene ကို အပြီးသတ်ပြီးသွားတော့ ကျွန်တော်လည်း အင်္ကျီလဲပြီး အပြင်သို့ ပြန်ထွက်လာခဲ့သည်။
"ပြီးပြီလား? သွားမယ်"
ဆိုကာ ကျွန်တော့်လက်ကို ဆွဲသွားသည်။