Chapter(20)

4.7K 485 58
                                        

Chapter(20)

ကျွန်တော် ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို Suho Hyung သာ သိရင် "ငါ မင်းကို မတားခဲ့ဘူးလား" ဆိုပြီး ပြောလိုက်မယ့်ဖြစ်ခြင်း ..

တကယ်လည်း ဟုတ်နေတာပဲလေ ..

ကျွန်တော့်ကို အပျင်းပြေကစားတာမျိုးလို့ ကျွန်တော် ထင်ခဲ့လို့ ကျွန်တော့်ကို တကယ်ချစ်လာအောင် ဆိုပြီးတောင် ကြိုးစားခဲ့သေးတာ ..

Do Kyung Soo တို့ မိုက်မဲချက်များ ..

"တုံးလိုက်တာ"

ပါးစပ်မှ ရေရွတ်ကာ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။

သူကတော့ လှောင်နေမှာပေါ့ ..

သေချာပေါက် စိတ်ထဲမှာ ကျွန်တော့်ကို ဟားနေမှာပေါ့။

ဟက် ..

အခုလည်း ကျွန်တော်ဟာ ရူးမိုက်စွာနဲ့ ဟန်မြစ်မှာ ရပ်နေမိတယ် ..

ဟင့်အင်း ..

နောက် ဘယ်တော့မှ ဒီကို ထပ်မလာတော့ဘူး ..

ဒီတစ်ခါ နောက်ဆုံးပဲ ..

တကယ်ကို နောက်ဆုံးပဲ ..

သူနဲ့ပတ်သက်တာ မှန်သမျှ ခေါင်းထဲက ထုတ်လိုက်တော့မယ် .. ဒီနေ့ကစပြီး ..

သူ့အတွက်လည်း ထပ်ပြီး မျက်ရည်မကျတော့ဘူး ..

သူ့လိုလူမျိုးအတွက် ကျွန်တော့်ရဲ့ဘာကိုမှ ထပ်ပြီး မပေးဆပ်နိုင်တော့ဘူး ..

အတူရှိခဲ့တဲ့ညတွေမှာ သူဟာ ကျွန်တော့်ကို ဘယ်လောက်တောင် စိတ်ထဲမှ ဟားတိုက်နေလိုက်မလဲ?

ပြန်တွေးရင်းတွေးရင် ရှက်စိတ်နှင့် ဒေါသများက စိတ်အစုံကို လွှမ်းမိုးလာသည်။

ကျွန်တော် သိခဲ့ရမှာ ..

Hae Eun Noona ရဲ့ မင်္ဂလာဆောင်မှာ မျက်နှာပျက်ယွင်းနေခဲ့တဲ့ သူ့ကို သတိထားမိခဲ့ရမှာ ..

မဟုတ်ဘူး ..

ကျွန်တော်သာ အစကတည်းက .. သူ့ကို ပြန်ပြီး လက်မခံခဲ့ရင် အခုဆို ကျွန်တော့်ဘဝဟာ အေးအေးဆေးဆေးနဲ့ သာသာယာယာပဲ ..

ဒါပေမဲ့လေ ..

အခုလို ကိစ္စတွေ ဖြစ်နေတာတောင်မှ ..

The Unseen String Where stories live. Discover now