The Unseen String | EXTRA |

5.1K 416 88
                                    

| E X T R A |

လက်ထဲမှ သီချင်းစာရွက်ကို ကြည့်ပြီး ကျွန်တော် ပြုံးလိုက်မိသည်။

သုံးနှစ်အတွင်း ပထမဆုံး ဆိုရမည်ဟူ၍ ကြည့်ရသော သီချင်းစာရွက်လေး ..

ဒီကြားထဲ တခြား Artist တွေအတွက် သီချင်းစပ်ပေးတာတွေ, နောက်ထုတ်မည့် Album အတွက် ပြင်ဆင်နေတာတွေကြောင့် ကိုယ်တိုင်က ဘာသီချင်းမှ မဆိုဖြစ် ..

Album အတွက် ပြင်ဆင်နေတယ်ဆိုပေမယ့် အခုမှသာ တကယ်ဆိုဖြစ်တာလေ .. ကြားထဲမှာက Kyung လေးနဲ့ပဲ ချစ်ကြည်နူးနေတာကြောင့် Album ထုတ်မယ့်အချိန်က ကြန့်ကြာနေခြင်း ..

တွေးရင်းနဲ့ Kyung လေး အကြောင်းက ခေါင်းထဲပေါ်လာတော့ ကျေကျေနပ်နပ် ပြုံးမိလိုက်သည်။

ထိုလူသားသည် ကျွန်တော့်ကို အတွေးနဲ့တင် စိတ်ချမ်းသာစေသည်လေ ..

Studio အခန်းရဲ့ အပြင်ကို ကြည့်တဲ့ မှန်ထဲကနေ Producer Kim ကို စတော့မည့် ပုံစံနှင့် ခေါင်းငြိမ့်ပြလိုက်သည်။

ထိုအချိန်မှာတင် အပြင်ဘက်ကနေ အခန်းတံခါး ဖွင့်ကာ ဝင်လာသည့် Kyung လေးကို မြင်လိုက်ရသည်။

Hoodie လေးနှင့် မျက်မှန်လေးနှင့် ဝင်လာပုံလေးက ဆွဲညှစ်ချင်စရာ ..

သူက ကျွန်တော့်ကို အပြင်ဘက်မှ လှမ်းကြည့်သည်။ ကျွန်တော်နှင့် အကြည့်ချင်းဆုံတော့ Hwaiting ဆိုသည့် ပုံစံလေး လုပ်ပြပုံက တော်တော်ကို ချစ်ဖို့ကောင်းနေသည်မှာ ငြင်း၍မရ ..

ချစ်လိုက်တာ ..

ကျွန်တော်ကတော့ သူ့ကို အသံမထွက်ပဲ ပါးစပ်လှုပ်ပြကာ စကားတစ်ခွန်းကို ပြောလိုက်သည်။

"ချစ်တယ်" လို့ ..

Producer Kim က စာရွက်တွေကို လှန်လှောကာ ကြည့်နေတော့ ကျွန်တော်တို့ကို မမြင်လိုက်ရ ..

Kyung လေး ကတော့ .. ကျွန်တော့်ကို ပြန်ပြုံး၍သာ ကြည့်နေသည်။

ဒီနေ့လည်း ကျွန်တော် Kyung လေးကို ထပ်ပြီး ပြောပြပါဦးမည် ..

Kyung လေးရဲ့ အပြုံးတွေက ကျွန်တော်ကိုယ်တိုင်ရဲ့ဖြစ်တည်မှုကိုတောင် မေ့သွားနိုင်လောက်အောင် လှကြောင်းကို .. ။

The Unseen String Where stories live. Discover now