Chapter(19)
"အချိန်တွေကုန်တာ မြန်လိုက်တာနော် .. ဒီကြားထဲ ကျွန်တော်တို့နှစ်ယောက် တူတူရှိခဲ့ကြတာ ခဏလေးလိုပဲ .."
ကျွန်တော့်စကားကြားတော့ သူက ပြုံးသည် .. ။
"တကယ်ဆို ကိုယ်နဲ့ကုန်ဆုံးရမယ့်အချိန်တွေကို .."
သူက ဝမ်းနည်းသလိုနဲ့ ပြောတော့ ကျွန်တော် လက်ထဲမှ ဆွဲထားသော အထုပ်ကိုချပြီး သူ့မျက်နှာလေးကို အုပ်ကိုင်လိုက်သည်။
"ပြန်လာရင် Hyung ဘေးမှာ အကြာကြီး ရှိပေးပါ့မယ် .. နောက်ထပ် Schedule တွေ မရှိခင်အထိ"
ပြောရင်း ကျွန်တော့်နဖူးနှင့် သူ့နဖူးကို ထိထားလိုက်သည်။
"ကျွန်တော် Hyung ကို လွမ်းနေရတော့မှာ"
ကျွန်တော့်စကားဆုံးတော့ သူက ကျွန်တော့်နှုတ်ခမ်းလေးကို ခပ်ဖွဖွ နမ်းသည်။
"ဒီအနမ်း .. ကို .. ကိုယ် လွမ်းနေရတော့မှာ .."
ထိုစကားကိုပြောနေသော သူ့မျက်နှာက သိသိသာသာကို ပျက်ယွင်းနေသည်။
"တစ်လပါပဲ Hyung ရယ် .. နော်?"
ပြောသာပြောနေရတာ .. ကျွန်တော်လည်း သူနဲ့မခွဲချင် ။
သူက ခေါင်းသာငြိမ့်ပြသည်။
"နေ့တိုင်း ဖုန်းဆက်မယ်နော် .. ကျွန်တော်ပဲ ဆက်လိုက်မယ်။ Shooting အချိန် Hyung ဖုန်းဆက်ရင် ကျွန်တော်က ကိုင်လို့မရဘူးလေ .."
ကျွန်တော့်စကားကို သူက ခေါင်းငြိမ့်ပြပြီးသာ တုံ့ပြန်သည်။
"ဒီကြားထဲ ပျင်းပြီးတော့ ခေါက်ဆွဲပြုတ်တွေ Ready Made တွေပဲ စားမနေနဲ့။ လုပ်တတ်ရဲ့သားနဲ့ .. ကိုယ့်ဟာကို ချက်စား။ စားသောက်ဆိုင်မှာကြီးလည်း သွားစားမနေနဲ့။ အပြင်စာက စားတိုင်းမကောင်းလို့ .."
"အင်းပါ .. Kyung လေး စကားကို ကိုယ် အမြဲတမ်း နားထောင်မှာပါ"
သူပြောလိုက်တဲ့ စကားလေးက ကျွန်တော့်ကို ကြည်နူးစေသည်။
"ဒါဆို .. ကျွန်တော် သွားတော့မယ်။"
"ကိုယ် လိုက်ပို့ပေးလို့ မရဘူးလား?"
KAMU SEDANG MEMBACA
The Unseen String
Fiksi Penggemar- There're some unseen string we haven't seen yet -
