Chapter(9)
^G-Dragon is spotted at the *** restaurant with the model ***^
ကျွန်တော်ဖုန်းကိုကြည့်နေရင်းနှင့် စိတ်ထဲတွင် ဝမ်းနည်းလာရသည်။
Yahh .. Do Kyung Soo ..
မင်းက ဒေါသထွက်ရမှာလေ ..
သူနဲ့အဆက်အသွယ်ဖြတ်ရမှာလေ ..
မင်းအတွက် သူက ဘာမှမလုပ်ပေးနိုင်ဘူးမလား .. ?
ဒါပေမယ့်လည်း ..
..
"Do Kyung Soo sshi .. အသင့်ပြင်ထားပါနော် .. ခဏနေကျရင် နောက်ထပ် Scene တစ်ခုရိုက်မယ်။"
"Nae .."
လှမ်းသာပြောလိုက်ပေမယ့် .. ရုပ်ရှင်ရိုက်ဖို့လည်း စိတ်မပါတော့ ..
အရင်တုန်းကတော့ .. စိတ်ဓာတ်အကျဆုံး အခြေအနေမှာတောင် ကျွန်တော် Scene ပေါင်းများစွာကို ကောင်းကောင်းရိုက်နိုင်သည်။
အဲဒါကတော့ သူနဲ့မတွေ့ခင်ကပေါ့ ..
သေချာသည်။ ထုံးစံအတိုင်း သူဟာ Media တွေကို ဘာမှပြန်ပြောမှာမဟုတ်။
ဒါမှမဟုတ် .. Media တွေ အထင်မှားနေတာလဲ ဖြစ်နိုင်တာပဲ။ Mask လည်း တပ်ထားတော့ လူလူချင်းမှားနိုင်တာပဲ။
အခု သူ့မှာ ကျွန်တော်ရှိနေပြီပဲ ..
သူက အဲ့လိုလုပ်မယ့်လူမျိုးမှ မဟုတ်တာ ..
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အတိအကျကို သိရမှဖြစ်မည်။
ကိုင်ထားသောဖုန်းမှ သူ့နံပါတ်ကို ခေါ်လိုက်သည် ..
ဖုန်းသာဝင်သွားပေမယ့် ဖုန်းတော့မကိုင်။
အခေါက်ပေါင်းများစွာ ခေါ်ပြီးမရတော့ လူက စိတ်ပူလာရသည်။
တစ်ခုခုများ ဖြစ်နေတာလား? ဒါမှမဟုတ် အိပ်ပျော်နေလို့ပဲလား? အပြင်ရောက်ပြီး Silent လုပ်ထားလို့များလား?
ခေါင်းထဲတွင်လည်း စိုးရိမ်ပူပန်မှုပေါင်းများစွာနှင့် ..
ကျွန်တော် .. ဆက်ပြီး သည်းမခံနိုင်တော့ပါ ..
ကျွန်တော် အင်္ကျီလဲပြီး ပစ္စည်းများကို သိမ်းကာ အပြင်သို့ ထွက်လာခဲ့သည်။