A/N
Update နောက်ကျသွားတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်။ ဒီကြားထဲ ပြန်ပြင်လိုက် ပြန်ရေးလိုက်နဲ့ စိတ်တိုင်းမကျဖြစ်နေတာရယ်၊ စာမေးပွဲပြီးပြီဆိုတော့ လျှောက်လည်နေတာတွေရယ် ပေါင်းပြီး .. နောက်ကျသွားတယ်။
စိတ်တိုင်းမကျရင် ပြောလို့ရပါတယ်နော် ..
______________________________
Chapter(15)
"မင်း အခုလိုပဲ လုပ်နေတော့မှာလား Kyungsoo? မနေ့က တစ်နေ့လုံး ငါတို့ ဘယ်လောက်တောင် မင်းကို စိတ်ပူနေလဲဆိုတာကို မသိဘူးလား?"
"Hyung .."
"မင်းကို ကုမ္ပဏီကလည်း ပြောနေပြီ .. Director ကြီးလည်း မင်းကို စိတ်တိုနေပြီ။ တစ်ခုမှ ကောင်းတာ မရှိဘူး Kyungsoo"
"ကျေးဇူးပြုပြီး တော်ပါတော့!!!!"
ကျွန်တော် အော်လိုက်တာကြောင့် Suho Hyung ဘာမှဆက်မပြောဘဲ ကျွန်တော့်ကို ကြည့်နေသည်။
အင်းလေ .. ကျွန်တော်က ဘယ်တုန်းက Hyung ရဲ့ စကားကို ပြန်ခံပြောတာ၊ မနာခံတာ ရှိခဲ့ဖူးလို့လဲ?
"Kyungsoo .."
ကျွန်တော် ပြန်မထူးတော့ဘဲ Hyung မျက်နှာကိုသာ ကြည့်လိုက်သည်။
Hyung ရဲ့ ကျွန်တော့်ကို ကြည့်နေသည့်အကြည့်များတွင် နားမလည်မှုပေါင်းများစွာ ပါဝင်သည်။
"ငါသိတဲ့ Do Kyung Soo က ဒီလို မဟုတ်ဘူး"
ပြောကာ Hyung က ထွက်သွားသည်။
..
အရင်တုန်းက ကျွန်တော်မဟုတ်လည်း ကိစ္စမရှိဘူး။
ရုပ်ရှင်မရိုက်ရတော့လည်း ကိစ္စမရှိဘူး။
ကုမ္ပဏီက အထုတ်ခံလိုက်ရလည်း ကိစ္စမရှိဘူး။
ယုတ်စွအဆုံး ကျွန်တော့်ရဲ့ အနှစ်သက်ဆုံး 'အဆိုတော်' ဘဝကို စွန့်လွှတ်လိုက်ရရင်တောင် .. ကိစ္စမရှိဘူး။
ကျွန်တော့်ဘဝထဲသို့ သူဝင်လာကတည်းက ..
သူ့ထက် အရေးကြီးတဲ့အရာဆိုတာ မရှိတော့ဘူး။
*အချစ်သည် လူတစ်ယောက်လုံးကိုပင် မျက်ကန်းတစ်ယောက်ဖြစ်သွားစေသည်။*
KAMU SEDANG MEMBACA
The Unseen String
Fiksi Penggemar- There're some unseen string we haven't seen yet -
