Chapter(11)
မျက်လုံးကို တဖြည်းဖြည်း ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် နေအလင်းရောင်က မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။
ခန္ဓာကိုယ်ကို အနည်းငယ် ရွေ့လျားကြည့်မိတော့ .. နာကျင်မှုက လှိုက်ခနဲ တက်လာသည်။
အာ .. မနေ့ညက ..
ကျွန်တော်သူ့ကို အရာအားလုံး ပေးအပ်ခဲ့ပြီပဲ။
တွေးရင်းနဲ့ပင် ပြုံးလိုက်မိပြီ ထင်သည်။
ရုတ်တရက်ကို သူရှိနေ၊ မရှိနေက အတွေးထဲ ရောက်လာတာမို့ နာကျင်မှုကို သည်းခံပြီး ဘေးကိုလှည့်ကြည့်လိုက်တော့ ..
နှစ်ခြိုက်စွာ အိပ်မောကျနေသော သူ ..
မနေ့ညက သူ မူးလာတာဆိုတော့ ..
အဆင်မပြေတဲ့ ကိစ္စတွေများ ရှိလို့လား?
ကျွန်တော် သူ့ကို နိုးလာရင်တော့ မေးကြည့်ရမည်။
ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ခင်မှာပင် ကျွန်တော့်ရဲ့လက်တစ်ဖက်က သူ့ရဲ့ပါးပေါ်မှာ ..
နေ့တစ်နေ့ရဲ့အစကို ချစ်သူနဲ့အတူရှိနေတယ် ဆိုတဲ့ အသိက ကျွန်တော့်ကို အတိုင်းအဆမရှိ ပျော်ရွှင်စေသည်။
ဖြစ်နိုင်လျှင် သူ့အား ကျွန်တော် ပိုင်ဆိုင်ကြောင်းကို လောကကြီးတစ်ခုလုံးအား အော်ဟစ်ကာ ပြောပြလိုက်ချင်သည်။
ဒါပေမယ့် ..
တစ်ခါတစ်လေ .. ကျွန်တော်နဲ့သူနဲ့ဟာ နီးနေပါရက်နဲ့ ဝေးကွာနေတဲ့ သူစိမ်းတွေလိုပဲ။
ကျွန်တော် သူ့ရဲ့ အကြောင်းကို ဘာမှမသိပါ ..
ခန့်မှန်းရအလွန်ခက်သော သူ ..
သူရဲ့စိတ်ထဲမှာ ဘာတွေရှိနေသလဲဆိုတာကို ကျွန်တော် ဖြစ်နိုင်လျှင် ဝင်ကြည့်ချင်သည်။
ကျွန်တော်တို့ စတွဲတဲ့အချိန်က စပြီး .. ကျွန်တော်နဲ့သူဟာ တစ်ယောက်နဲ့တစ်ယောက်ကြားတွင် စည်းခြားထားသော နေရာတစ်ခုတွင် အတူတူနေ, နေရသလို ..
ထိုစည်းကိုလည်း သူသာ ခြားထားတာ ဖြစ်လိမ့်မည်။
ကျွန်တော်ကသာ ကျွန်တော့်အချစ်များကို သူ့အား အချိန်တစ်ခုအတွင်းမှာ ပုံအပ်ပေးခဲ့တာလေ။
KAMU SEDANG MEMBACA
The Unseen String
Fiksi Penggemar- There're some unseen string we haven't seen yet -
