Chapter(7)

4.2K 472 28
                                        

Chapter(7)

"ဒီအချိန်ကြီး ဘယ်ကပြန်လာတာလဲ Kyungsoo .. ?"

ကျွန်တော် Dorm ထဲကို ဝင်ဝင်ချင်းမှာပင် Suho Hyung နှင့် တန်းတိုးလေသည်။

"ဟင် .. ဟို .. သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့တာ .. မနက်တုန်းက Schedule တွေနဲ့ ပြည့်နေလို့လေ .."

ကျွန်တော်ပြောတော့ Suho Hyung က ခေါင်းတငြိမ့်ငြိမ့်နှင့် ..

"သွားအိပ်တော့လေ .. နောက်ကျနေပြီ .. မနက်ဖြန် မနက် 10 နာရီကျရင် Schedule ရှိသေးတယ်။"

"ဟုတ် .. ဒါဆို သွားပြီးနော်"

ဆိုကာ ကျွန်တော်လည်း အခန်းထဲသို့သာ တန်းဝင်ခဲ့တော့သည်။

Chanyeol ကတော့ အိပ်နေပြီ ..

Suho Hyung ကတော့ ဘာလို့ နိုးနေလဲမသိ ..

ရုတ်တရက် ကျွန်တော့်ဖုန်းမှ Notification Tone လေး ကြားလိုက်တော့ ရင်ခုန်စွာပင် ဖွင့်ကြည့်လိုက်မိသည်။

*Good night .. ကောင်းကောင်း အိပ်နော်*

ကျွန်တော် ပြုံးရင်း ဖုန်းကို ဖက်လိုက်ပြီး အိပ်ယာပေါ်သို့ လှဲချလိုက်သည် ..

အသည်းယားလွန်းလို့ ..

အသံတော့မထွက်ရဲ .. Chanyeol ရှိတယ်လေ ..

ကျွန်တော်လည်း ရင်ခုန်စွာပင် ပြန်ပို့လိုက်သည်။

*ဟုတ် .. Hyung လည်း ကောင်းကောင်း အနားယူတော့နော်*

ပြီးတော့ သူနဲ့ကျွန်တော်နဲ့ကြားက ပြောင်းလဲသွားတဲ့ ဆက်ဆံမှုလေးကို တွေးရင်း ပျော်မိတာ မဆုံး ..

ကျွန်တော်သူ့ကို အရမ်းသဘောကျနေမိတယ်ဆိုတာကို စောစောသိနေခဲ့သင့်တာ ..

ရုတ်တရက် .. ကျွန်တော်ခေါင်းထဲဝင်လာတာက ..

အမြဲတမ်းလိုလို .. ကောင်မလေးတွေ မော်ဒယ်မလေးတွေနဲ့ သတင်းထွက်တတ်သော သူ ..

တော်ကြာ .. ကျွန်တော့်ကိုလည်း .. ခဏလေးနဲ့ ..

Ah .. ကျွန်တော် အတွေးလွန်နေတာပါ ..

Media တွေက လျှောက်ရေးတာနေမှာ ..

တကယ်ပဲဆိုရင်တောင် ကျွန်တော် သူ့ကို ပြောင်းလဲပေးနိုင်လောက်မှာပါ ..

The Unseen String Dove le storie prendono vita. Scoprilo ora