Chapter (19)

25.1K 2.6K 94
                                    

Unicode

**********

တက္ကသိုလ်ကျောင်းရဲ့ ကျောင်းဆင်းချိန်ဟာ အရောင်အသွေးစုံလင်လှသော ကျောင်းသားကျောင်းသူတွေ ကြောင့် အမြဲပင် လှပအသက်ဝင်လို့နေလေသည်။

ရှင်းခန့်မောင်အတွက်ကတော့ မိမိနှင့် ဘေးချင်းကပ်တွင် အတူတူလမ်းလျှောက်နေသော စုံနံ့သာက သာလျှင် ပတ်ဝန်းကျင်ကို ပိုမိုလှပစေသည်ဟု ထင်နေမိတာဖြစ်သည်။

စုံစုံသည် တခြား မိန်းကလေးတွေလို စွဲမက်ဖွယ်ကောင်း၊ ချောမောလှပတာမျိုး မဟုတ်ပါ။ မြင်လိုက်သည်နှင့် ရှင်းခန့်မောင်ရဲ့ စိတ်ကို ကြည်လင်ကာ ပျော်ရွှင်စေသော စွမ်းအင်တွေ ရှိနေသည့် မိန်းကလေး တစ်ယောက်သာ။

ထိုသို့သော စွမ်းအင်မျိုးသည် ထူးခြားသော စွမ်းအင်မျိုးဖြစ်သည်။ ထို့ကြောင့် ရှင်းခန့်မောင် အတွက်တော့ စုံနံ့သာက ထူးခြားသော မိန်းကလေးတစ်ယောက် ဖြစ်သည်ပေါ့။

မိမိတို့ စာသင်ဆောင်မှ ကျောင်းဂိတ်ပေါက်ဝအထိ လမ်းလျှောက်ရသော အချိန်အတိုင်းအတာလေးကိုပင် အချိန်တစ်ရက်ခန့်ဆွဲဆန့်ချင်မိနေသည်။

''ဆွဲခြင်း ကိုင်ပေးရမလား ပေးလေ... ''

''အာ..ရပါတယ် .. အားနာစရာကြီး ..''

စုံစုံငြင်းနေတာကို မစောင့်တော့ဘဲ စုံစုံ့လက်ထဲက ဆွဲခြင်းကို လှမ်းယူလိုက်သည်။

''အမလေး.. ယမုံရယ်.. အဲ့လို့မှန်းသိ ငါတို့လည်း ဆွဲခြင်း ယူလာပါတယ် .. ဟုတ်ဟုတ် မဟုတ်ဟုတ် EMajor All King ကြီးက ဆွဲခြင်း ကိုင်ပေးမယ်ဆိုတာ နည်းသလား.. ''

စုံစုံ့ဘေးတွင် ရပ်နေသော လေအိုးက လက်ဟန်ခြေဟန် အပြည့်ဖြင့် ပြောလေသည်။

''လွန်းကရော လှည်းတန်းကို အတူတူ လမ်းလျှောက် မလိုက်ဘူးလား.. ''

စုံစုံက ရှင်းခန့်မောင်ကို ကြည့်ကာ မေးလိုက်သည်။ ရှင်းခန့်မောင် ခေါင်းခါပြလိုက်သည်။ ဒီနေ့ လှည်းတန်းကို လမ်းလျှောက်သွားပြီး ငါးကင်စားမယ်လို့ ချိန်းထားရာတွင် လွန်းက ရှင်းခန့်မောင်အတွက် တမင်နေခဲ့ပေးခြင်း ဖြစ်သည်။

My Crush Is A FujoushiWhere stories live. Discover now