Chapter (24)

26.9K 2.4K 190
                                    


Background Music - Are you sure ? by Kris Kross Amsterdam & Conor Maynard ft. Ty Dolla $ig

****************************************************************************************

Unicode

**********

Ring Ring...

နှစ်ခြိုက်စွာ အိပ်ပျော်နေသော လွန်းမှာ ဖုန်းမှ တုန်ခါသံကြောင့် လန့်နိုးသွားရလေတော့သည်။ မနေ့ညက အဖျားရှိန်ကြောင့်ရော၊ ဆရာဝန်ပေးလိုက်သော သောက်ဆေးအရှိန်ကြောင့်ပါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။ ဖုန်းသံကြောင့် လန့်နိုးသွားရသဖြင့် မျက်နှာလေးကို ရှုံ့မဲ့ကာ ခေါင်းအုံးတွေ ကြားထဲတွင် ပျောက်နေသော ဖုန်းကို လက်ဖြင့် လိုက်စမ်းရင်း အိပ်ချင်မူးတူးအသံဖြင့် ဖုန်းကိုင်လိုက်သည်။

''ဟဲလို.. ''

လွန်း ဖုန်းကို ပြန်သာဖြေနေသည်။ မျက်လုံးလေးတွေက အခုအချိန်အထိ ကောင်းကောင်းမဖွင့်နိုင်သေး။

'' ဟဲလို လွန်း.. ကိုယ် နေဦးထွဋ် ... ''

တစ်ဖက်မှနေဦးထွဋ်ရဲ့ အသံကို ကြားလာရသော်ငြား လွန်း အိပ်ချင်စိတ်က မပျောက်သေး။ ဒီလူကြီး ဘာကိစ္စနဲ့ ဖုန်းဆက်ပြန်ပြီလဲမသိ။

'' ဦးလေးကြီး .. ဘာကိစ္စ ရှိလို့လဲဗျ..''

လွန်း အိပ်ချင်မူးတူးအသံဖြင့် ဗလုံးဗထွေးမေးလိုက်မိသည်။ တစ်ဖက်မှ နေဦးထွဋ်ရဲ့ ရယ်သံ ခပ်သဲ့သဲ့ကို ကြားလိုက်ရသည်။

'' ကလေးရဲ့ အခြေအနေကို သိချင်လို့ ဖုန်းဆက်လိုက်တာ.. ခေါင်းတွေ မူးနေသေးလား.. ကိုယ်ရော ပူနေသေးလား.. ''

လွန်းသည် လွန်းအိပ်နေတာကို နှောင့်ယှက်လျှင် ထိုသူကို ရန်သူအဖြစ်သတ်မှတ်လေ့ရှိသည်။ မနက်အစောကြီး နစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို ဘာတွေ လာပြောနေမှန်းမသိသော နေဦးထွဋ်ကြောင့် လွန်း အိပ်ချင်လွန်းနေတာတောင် ဒေါသထွက်လာမိသည်။

'' အစကမမူးဘူး.. အခု အိပ်ရေးမဝဘဲ နိုးသွားလို့ ခေါင်းမူးပြီး စိတ်တိုနေပြီ.. ''

My Crush Is A FujoushiWhere stories live. Discover now