Chapter (20)

26.4K 2.7K 202
                                    

Unicode

**********

''အား... !!!!!!''

ကန်တင်းတွင် ထိုင်ရင်း ကိုကြီး နေဦးထွဋ် အကြောင်းကို သူငယ်ချင်းတွေကို ပြောပြရာ လေအိုးမက အံ့သြတကြီး ဖြင့် ထအော်လေတော့သည်။ လေအိုးမ အသံ တော်တော်ကျယ်သဖြင် ယမုံက တိုးတိုးအော်ဖို့ သတိပေးရသည်။

''လေအိုးမ အိန္ဒြေလေး နည်းနည်းဆယ်စမ်းဟယ်... ''

ယမုံက လက်ညှိုးကို နှုတ်ခမ်းတွေ တို့ကာ တိတ်တိတ်နေဖို့ မျက်နှာရိပ်မျက်နှာကဲပြရသည်။

''ပျော်လို့ပါဟယ်.. ပျော်လို့.. သူ့အစ်ကိုကို နေ့တိုင်း ယောက်ျားပေးစားနေတဲ့ စုံစုံဘဲ နှုတ်စီးလွန်းတာလား ဘာလားတော့ မသိဘူး.. အမလေး ကိုကြီး နေဦးထွဋ်က ပုံစံက တကယ့်ကို ဝန်းရံလို့ကောင်းမယ့် Seme ကြီးပုံစံမျိုး .. အား.. သူ့ကလေးကို ငါအားကျလိုက်တာဟယ်.. သူ့ကလေး Facebook Account လေးဖြစ်ဖြစ် တောင်းကြည့်ပါလား.. ငါတို့ နောက်နေ့ သွား Stalk လို့ရအောင် ''

လေအိုးက လက်ခုပ်ကို တစ်ချက်ပြီး တစ်ချက်တီးကာ အောင်ပွဲခံသော သဘောဖြင့် ပြောနေလေသည်။ စုံစုံက မျက်နှာလေးကို တစ်ချက် ရှုံ့ပြကာ ပြောသည်။

''ငါလည်း Stalk ချင်တာမှ တစ်ပိုင်းကို သေလို့.. ကိုကြီးက လုံးဝကို မပြတာ. နင်တို့ ငါတို့ ရန်ကို ကြောက်လို့တဲ့.. အဆင်ပြေသွားမှ မိတ်ဆက်ပေးမယ်တဲ့.. အဆင်ပြေအောင် အရင်ဆုံး ကူညီပေးတဲ့.. ''

ယမုံကလည်း ပြုံးစိစိမျက်နှာဖြင့် ပြောလေသည်။

'' ကိုကြီးက လည်တော့လည်သား.. သူ့ကလေးကို နင့်ရန်ကနေ တစ်ခါတည်း ကာကွယ်ထားတာနော်.. ငါတောင် ဝန်းရံပေးချင်တာကို ဟီးဟီး ''

ယမုံ့စကားကို စုံစုံက မျက်နှာလေးချီကာ ပြန်ချီပသည်။

''ဟဲ့.. ကိုကြီး ဘယ်လောက်ဘဲ ကာကွယ် ကာကွယ်.. သူတို့နှစ်ယောက်အဆင်ပြေသွားရင် ငါတို့နဲ့ မိတ်ဆက်ပေးမှာဘဲ.. အဲ့ဒိတော့မှ ပိုးစိုးပက်စက် ဝုန်းလည်း နောက်မကျသေးဘူး.. ကိုကြီးက သူ့ကို ကူညီပေးတဲ့ သူ့ကျေးဇူးရှင်ကို ကျေးဇူးတော့ ဆပ်ရမှာပေါ့.. ဟုတ်တယ် မလား.. အခုလောလောဆယ်တော့ အောင်သွယ်တော် လုပ်ပေးခ မုန့်ဖိုးတွေအများကြီး ရလာတယ်... ဟီးဟီး ''

My Crush Is A FujoushiUnde poveștirile trăiesc. Descoperă acum