Chapter (11)

28.2K 2.9K 283
                                    

Unicode

**********

တက္ကသိုလ်ရဲ့မနက်ခင်းဟာ အရောင်စုံအသွေးစုံ ကျောင်းသား ကျောင်းသူများဖြင့် ပြည်စုံလှပသော ပန်းချီကားတစ်ချပ်ကဲ့သို့ အသက်ဝင်လျက်ရှိလေသည်။

ကျောင်းမတက်ခင် အချိန်ဖြစ်သည့်အတွက် ကျောင်းရဲ့ အဝင်ဂိတ်နားတွင်ရှိသော ကန်တင်းနှင့် ထိုကန်တင်းရှေ့တည့်တည့်တွင် ရှိသော ညောင်ပင်အဝိုင်းကြီးရှိသည့် ကားပါကင်နေရာတွင်လည်း အတန်းထဲမဝင်သေးသော ကျောင်းသားများ ရှိနေကြသည်။

တစ်ချို့က မတ်တပ်ရပ်ကာ စကားပြောနေကြလျက်။ တစ်ချို့ကတော့ ကားပါကင်အလည်တည့်တည့်တွင်ရှိသော ညောင်ပင်ကြီးကို ပတ်ကာ ဆောက်လုပ်ထားသည့် အုတ်ခုံပေါ်တွင် ထိုင်ကာ စကားပြောနေကြလျက်။

စုံစုံ၊ ယမုံနှင့် လေအိုးတို့သည်ကား ထုံးစံအတိုင်း ကန်တင်းတွင် ထိုင်နေကြလျက် မဆုံးနိုင်သော အဆင်များအကြောင်းကို ပြောဆိုဆွေးနွေးငြင်းခုံလျက်ရှိနေကြလေသည်။

မနက်ခင်းကျောင်းမတက်ခင်ဆိုလျှင် ကန်တင်းက စုံစုံတို့ အုပ်စုထိုင်သော စားပွဲတွင် အမြဲတမ်း လူစည်နေတတ်လေသည်။ စုံစုံတို့အုပ်စုတွင် Yaoi နှင့် ပက်သက်သော ရုပ်ရှင်၊ ဇာတ်လမ်းတွဲ များကို အချိန်နှင့် တပြေးညီရနိုင်သလို တစ်ခါတစ်လေ Update သတင်းတွေကိုလည်း လေအိုးက အရင်ဆုံးသိတတ်သဖြင့် မနက်တိုင်း ရုပ်ရှင်ဇာတ်လမ်းတွဲကူးယူသူ၊ အဆင်သတင်းများ သိချင်သူ၊ Yaoi Couple လေးများသတင်းတွေကို သိချင်သူ Fujoushi လေးများဖြင့် စည်ကားလေ့ရှိတာဖြစ်သည်။

အခုလည်း စုံစုံတစ်ယောက် စားပွဲတွင် လူအနည်းငယ်ပြန်ရှင်းသွားပြီဖြစ်သဖြင့် ကျောင်းအပြင်ပတ်ဝန်းကျင်ဘက်ကို မျက်စိကစားကြည့်လိုက်လေတော့ ကျောင်းအဝင်ဂိတ်ကနေ ကားတစ်စီးဝင်လာတာကိုတွေ့လိုက်ရလေသည်။

ရှင်းခန့်မောင်ရဲ့ကား Honda Fit ကားအနက်လေးဖြစ်သည်။ စုံစုံတို့က ကျောင်းအဝင်ဂိတ်နှင့် ကန်တင်းရှေ့က ကားပါကင်ကို သေချာရှင်းလင်းစွာ မြင်ရသော ပြတင်းပေါက်နှင့် ကပ်လျက် စားပွဲဝိုင်းတွင် ထိုင်နေကြသည်မို့ ရှင်းခန့်မောင်ရဲ့ကား ဝင်လာသည်ကို သေချာမြင်လိုက််ရတာဖြစ်သည်။ ကားနံပါတ်ကိုလည်း အလွတ်ကျက်ထားကြသည်လေ။

My Crush Is A FujoushiTempat cerita menjadi hidup. Temukan sekarang