I Should Be An ~~ !!! Part (2)

24K 2.1K 177
                                    

Unicode

**************

Warning

ဒီအပိုင်းကို မရေးခင်မှာ စာဖတ်သူကလေးတွေကို ကြိုပြီး ပြောပြချင်တာ ရှိပါတယ်။

ဒီအပိုင်းကို တကယ့် ဟာသအမြင်နဲ့သာ ဖတ်ပေးပါနော်။ ဒီဇာတ်လမ်းကို ဖတ်တဲ့လူအများစုက Fujoushi Fudashi တွေ အများစုပါမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား၊ အထက်တန်းကျောင်းသား အများစုပါမယ်လို့ ထင်ပါတယ်။ ဒီအတွက် ဒီဇာတ်လမ်းထဲက အကြောင်းအရာတွေ ၊ ပြောခဲ့တဲ့ စကားတွေ၊ တွေးခဲ့တဲ့ အတွေးတွေကို အပြင်လောကမှာ လက်တွေ့အသုံးမချကြပါနဲ့လို့ ညမွှေးက ပြောချင်ပါတယ်။ ညမွှေးဒီဇာတ်လမ်း ဒီအပိုင်းကို စဉ်းစားတဲ့အချိန်တုန်းက ညမွှေးက မရင့်ကျက်တဲ့ တက္ကသိုလ်ကျောင်းသူ ဘဝဖြစ်နေသေးတာရယ်၊ Fujoushi , LGBT Supporter ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုဆရာကြီးလို့ ထင်ခဲ့မိတာတွေ ရှိခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ အခု အချိန်မှာ ပြန်စဉ်းစားကြည့်လိုက်တော့ ဒီအကြောင်းအရာတွေက ကလေးတွေအတွက် လုံးဝမသင့်တော်ဘူးဆိုတဲ့ အဖြေဘဲ ထွက်လာပါတယ်။ ဒီလို အတွေးမျိုး တွေးမိတဲ့ ညမွှေးတို့လည်း အခုအချိန်မှာ ကိုယ့်ကိုယ်ကို မှားခဲ့တယ်ဆိုတာ သိနေပါတယ်။

ညမွှေး ဒီဇာတ်လမ်းရဲ့ ဒီအပိုင်းကို ရေးလိုက်ပေမယ့် ညမွှေး ရေးလိုက်တဲ့ စာကြောင့် စာဖတ်သူကလေးတွေမှာ အတွေးအခေါ်အလွဲအမှားတွေ ဖြစ်သွားမှာ သေမလောက်ကြောက်ပါတယ်။ ဒီအပိုင်းကို မရေးတော့ဘူးလို့တောင် စဉ်းစားရင်း အချိန်တော်တော်ကြာကြာ ကုန်သွားခဲ့ပေမယ့် ညမွှေး စရေးခဲ့တဲ့ဇာတ်လမ်းကို အဆုံးသတ်ဖို့က အဓိက တာဝန်ဖြစ်တဲ့အတွက် ညမွှေး ဆက်ရေးလိုက်ရတာပါ။ ရေးလည်းရေးသေးတယ် သတိပေးတာတွေ အထပ်အထပ်နဲ့ ကလေးတွေ အတွေးမှားမှာလည်း ကြောက်သေးတယ် ၊ မရေးပါနဲ့တော့လို့လားလို့ တွေးနေမယ့်လူတွေလည်း ရှိနေမှာ သိပါတယ်။

ဒီအတွက်ကတော့ ကိုယ့်ဇာတ်လမ်းလည်း မပြောင်းချင် တစ်ခုခု လွဲမှာလည်း စိုးရိမ်နေလို့ ရေးရင်ကောင်းမလား မရေးရင် ကောင်းမလား ဝေခွဲရခက်ပြီး Dilemma တွေ ဖြစ်နေရင်း နောက်ဆုံး တော့ စာရေးဝါသနာပါတဲ့ စိတ်လေးက နည်းနည်းမဆိုစလောက် ပိစိလေး အနိုင်ယူသွားလို့ ရေးဖြစ်သွားတဲ့ ညမွှေးရဲ့ အမှားပါလို့ဘဲ ပြောပါရစေ ။ ဒါကြောင့် ကျေးဇူးပြုပြီး Please Please Please ဒီအပိုင်းကို ဟာသအမြင်နဲ့ဘဲ ဖတ်ပေးကြပါနော်။

My Crush Is A FujoushiOù les histoires vivent. Découvrez maintenant