Chapter (37)

30.7K 2.5K 87
                                    

Unicode

********

လွန်းရတု ရှင်းခန့်မောင် အခန်းထဲကို ဝင်လိုက်ချင်းမှာပင် မြင်လိုက်ရသော မြင်ကွင်းကြောင့် မျက်လုံးလေးတွေ ပြူးဝိုင်းလို့ သွားသည်။

ရှင်းခန့်မောင် တစ်ယောက် Luggage အကြီးကြီးထဲကို အဝတ်အစားတွေထည့်ကာ အထုတ်ပြင်နေသည်လေ။ မသိရင် အိမ်ပြောင်းတော့မည် ပုံစံမျိုး။

ညက သောက်တာများသွားသဖြင့် အရက်နာကျနေမယ်ထင်ပြီး စိုးရိမ်တကြီး လာကြည့်မိတာ ။ အခုတော့ နောက်တစ်မျိုး ဘာတွေ လုပ်နေပြန်ပြီလဲ မသိ။

ကမန်းကတန်း အခန်းထဲပြေးဝင်ကာ အဝတ်တွေ ဖြစ်သလို ထိုးကြိတ်ထည့်နေသော ရှင်းခန့်မောင် လက်ကို အတင်းဆွဲမေးရသည်။

'' ကိုကို.. ဘာတွေ လုပ်နေတာတုန်း.. ''

မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် မိမိလက်ကို အလန့်တကြားလာဆွဲသော လွန်းကို ရှင်းခန့်မောင် ခပ်တည်တည်ပင် ပြန်ကြည့်လိုက်မိသည်။

'' အထုတ်ပြင်နေတာလေ မိုးကုတ်ပြန်မလို့.. ''

'' ဗျာ.. ''

ရှင်းရဲ့ စကားကြောင့် လွန်းရဲ့ ကော်ပတ်ရုပ်မျက်လုံးလေးတွေ ပြူးဝိုင်းကာ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။ထို့နောက်မှ မယုံကြည်ဟန်ဖြင့် ပြောလာသည်။

'' ကိုကို ဘာတွေလျှောက်လုပ်နေတာတုန်း နောင်တစ်ပတ်ဆိုရင် 1st Semester စာမေးပွဲဖြေရတော့မှာလေ.. ''

ရှင်းခန့်မောင် အဝတ်တွေထည့်နေတာကို မရပ်ဘဲ ခေါင်းခါပြသည်။

'' မဖြေတော့ဘူး.. တစ်နှစ်အောက်ပြီး မန္တလေး ပြန်ပြောင်းတော့မယ်.. ''

'' ဟာ.. ကိုကို ရူးနေလား.. အဲ့ဒိလောက်ထိ လုပ်စရာမလိုဘူးလေဗျာ.. ''

ရှင်းခန့်မောင်က အဝတ်တွေ ထည့်ပြီးတော့ Luggage Zip ကို ဆွဲပိတ်လိုက်ကာ ဆက်ပြောသည်။

'' ငါ့အတွက်တော့ လိုတယ် .. ဒီအတိုင်း ဆက်သွားရင် ငါစုံစုံ့ကို မေ့နိုင်မှာ မဟုတ်ဘူး.. ''

ရှင်းက ထိုသို့ပြောပြီးတော့ ကုတင်ပေါ်တွင်တင်ထားသော Luggage ကို ဆွဲချကာ အခန်းထောင့်တွင် ထောင်ထားလိုက်သည်။ ရှင်းခန့်မောင်ကို ကြည့်ရတာ တကယ့်ကို မိုးကုတ်ပြန်ပြီး သာသနာ့ဘောင်ဝင်ဖို့ သံမဏိဆုံးဖြတ်ချက် ချထားသည့် ပုံစံ။

My Crush Is A FujoushiWhere stories live. Discover now