Unicode
****************
6 Mikes Market Place တွင် ရှိသော Season Bristo တွင် ဖြစ်သည်။
ရှင်းခန့်မောင် ဆိုင်တွင် တစ်ယောက်တည်း ထိုင်နေရင်း စိတ်မရှည်စွာဖြင့် လက်က နာရီကို တစ်ကြည့်ကြည့်။
စုံစုံ နှင့် ချိန်းထားသော အချိန်က တစ်နာရီကျော်နောက်ကျနေပြီ။ စုံစုံတစ်ယောက် ရောက်မလာသေး။
အေးအေးဆေးဆေး ဘုရားသွား ရုပ်ရှင်ကြည့်မည် စိတ်ကူးထားတာလေးတော့ ရေစုန်မျောတော့မည်လားမသိ။
တစ်ပတ်မှတစ်ခါ ရှားရှားပါးပါး တွေ့ရသော Saturday Date လေးမှာ စုံစုံက ရောက်မလာ။ ဖုန်းဆက်တော့လည်း ဖုန်းက တောက်လျှောက် မအားဖြစ်နေသည်။
စုံစုံ တစ်ယောက် ဘာတွေ အလုပ်ရှုပ်နေပါသနည်း။ တစ်ချိန်လုံး အလုပ်ရှုပ်နေတတ်တယ်ဆိုတာ သိထားတာတောင် ချစ်သူအတွက် အချိန်တော့ သီးသန့်ပေးသည့်သင်ဟု ထင်နေသည် မဟုတ်ပါလား။
ရှင်းခန့်မောင် နည်းနည်း စိတ်မရှည်ချင်တော့သလိုပင် ဖြစ်လာသည်။
စုံနံ့သာဆိုသော Fujoushi လေးနှင့် ခက်ခက်ခဲခဲ ချစ်သူဖြစ်ဖို့ ကြိုးစားခဲ့ရတာ။ ဒါကြောင့် ချစ်သူဖြစ်ပြီးနောက်ပိုင်း ရှင်းခန့်မောင် စိတ်ချလက်ချ ပျော်ရတော့မည် ထင်ခဲ့တာ။
အခုတော့ တက်တက်စင်အောင် လွဲနေသည်။ ပျော်ရသော်လည်း စိတ်မောရတာတွေ စိုးရိမ်ပူပန်ရတာတွေ ရှိသည်။
စုံစုံ သည် ရှားမှရှားဟု ဆိုနိုင်သော ကောင်မလေးတစ်ယောက်ဆိုတာကို ချစ်သူဖြစ်တာ အချိန်ကြာလေ ရှင်းခန့်မောင် သဘောပေါက်လာလေ ဖြစ်သည်။
အခုလည်း ချိန်းထားတာကို တစ်နာရီကျော် နောက်ကျနေပြီဖြစ်တာတောင် အဆက်အသွယ်မရနိုင်သေး။
ရှင်းခန့်မောင် စိတ်မရှည်တော့ ဖြစ်ချင်လာပြီ။
နာရီကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ကြည့်လိုက်မိသည်။
သို့သော် နောက်ဆယ်မိနစ်မှ မလာရင် ပြန်တော့မည်ဟု ဆုံးဖြတ်တော့မည် အချိန်ရောက်တော့မှ စုံစုံတစ်ယောက် ရောက်လာရှာသည်။ အူယားဖားယားနှင့် ပြေးဝင်လာသဖြင့် ရှင်းခန့်မောင်ရှေ့ရောက်တော့ အမောဆို့နေကာ ဘာစကားမှမပြောနိုင်ဘဲ ချထားသော ရေဘူးကို ယူသောက်နေသည်။ ထို့နောက် သူမရဲ့ လက်ကလေးတွေဖြင့် မျက်နှာကို ယပ်ပြန်ခတ်နေရှာသည်။
ESTÁS LEYENDO
My Crush Is A Fujoushi
Novela JuvenilWhat will happen when you have a crush on Fujoushi? Ultimate experiences of being a hardcore Fujoushi.! Cover - @NyaHmwePann Started On - October 2nd 2017