Chapter (16)

27.2K 2.7K 226
                                    

Unicode

***********

''လွန်း.. .. ကလေး.. ''

နောက်က စုံစုံ့ရဲ့အော်ခေါ်သံကြောင့် လွန်း က အပေါ်ထပ်လှေကားကို တက်ရန် ခြေလှမ်းပြင်နေရာမှ ရပ်ကာ စုံစုံ့ကို လှည့်ကြည့်လေသည်။

စုံစုံ့ကိုမြင်တော့ လွန်းက ရယ်ပြသော်လည်း မျက်နှာ နွမ်းဖတ်ဖတ်လေး ဖြစ်နေသဖြင့် ရှင်းခန့်မောင်နှင့် အခုအချိန်အထိ အဆင်မပြေသေးကြဖူးဆိုတာ စုံစုံ နားလည်လိုက်လေသည်။

လွန်းသည် မျက်ကွင်းလေးတွေ ညိုလျက် ကော်ပတ်ရုပ်မျက်လုံးနက်နက်လေးတွေက အရင်ကလိုတောက်ပခြင်းမရှိသည့်အပြင် မျက်ကွင်းလေးတွေလည်း ချိုင့်ဝင်လျက်ရှိနေသဖြင့် လွန်းရတုသည်လည်း ရှင်းခန့်မောင်လို စိတ်ညစ်နေမည်ဆိုတာ ကို သဘောပေါက်လိုက်လေသည်။

စုံစုံက အစကတည်းက မိမိကိုယ်ကို Uke တို့ရဲ့ မိခင်အဖြစ် သတ်မှတ်ထားသူဖြစ်ပြီး Uke လေးတွေကို ပိုချစ်တတ်သည့်အပြင် လွန်းရတုကိုလည်း ကျောင်းတွင် ပထမဆုံးစတွေ့ကတည်းက ကိုယ့်ကလေးအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည့်အတွက် တကယ့်ကို မောင်လေးတစ်ယောက်လို ချစ်တာဖြစ်သည်။

လွန်းကို ချစ်သလို ရှင်းအပေါ်တွင်လည်း စေတနာတွင် ထားနေမိသည်လေ။

ဒါကြောင့် အခုလို လွန်းကပါ စိတ်ဆင်းရဲနေသည်ကို တွေ့လိုက်ရသဖြင့် အစွမ်းကုန် ကူညီပေးချင်တာဖြစ်သည်။

လွန်းက စုံစုံလှမ်းခေါ်လိိုက်တော့ လှေကားပေါ်တက်ဖို့ လုပ်နေရာမှ အနားကို ပြေးလာပြီး စုံစုံ့လက်ထဲက ထမင်းဘူးထည့်ထားသော ဆွဲခြင်းကို လာဆွဲသည်။

''ကလေး.. မတွေ့တာတောင်ကြာပြီ.. ''

စုံစုံကပြောလိုက်တော့ လွန်းက ခပ်နွမ်းနွမ်းလေးပြုံးပြကာ ခေါင်းငြိမ့်ပြသည်။

''ဟုတ်တယ်.. ကျွန်တော် အခုတလော Tutorial တွေရှိနေလို့.. ပြီးတော့ အရင်ရက်တွေက ကျောင်းပျက်ထားတာတွေရှိတော့ Attendence 75% ပြည့်အောင် တက်နေရတာ.. အဲ့ဒါကြောင့် ကန်တင်းတောင် မထိုင်ဖြစ်ဖူးဖြစ်နေတာ..''

''ဟုတ်လား အခုကော Tutorial တွေ အကုန်ပြီးသွားပြီလား..''

စုံစုံတို့ တက္ကသိုလ်က လတစ်လရဲ့ နောက်ဆုံး အပတ်နှင့် နောင်လ ပထမအပတ်များတွင် Tutorial များရှိသည့်အတွက် ကျောင်းသားတွေ အတန်းမပြေးရဲဘဲ အတန်းပုံမှန်တက်ကြရသော အချိန်များဖြစ်လေသည်။ စုံစုံသည်လည်း အခုတလော Tutorial များရှိသဖြင့် ရှင်းနှင့်တွေ့ဖြစ်သော်လည်း လွန်းနှင့် သေချာ မတွေ့ဖြစ်ခြင်း ဖြစ်လေသည်။

My Crush Is A FujoushiDonde viven las historias. Descúbrelo ahora