Chapter (7)

33.1K 3K 224
                                    

Unicode

**********

ဒီနေ့က Fresher Welcome နေ့။

ရှင်းခန့်မောင် စတိတ်စင်ရဲ့ဘေးကနေ ပွဲကြည့်ပရိသတ်တွေရှိရာဘက်ကို လှည့်ကြည့်လိုက်မိတော့ ပါချုပ်၊ ဌာနမှူးတွေ ဆရာဆရာမတွေနှင့် ပထမနှစ် Fresher ကျောင်းသားတွေအပြင် ပထမနှစ်မဟုတ်တဲ့ တခြား ကျောင်းသူတွေပါ ရောက်နေကာ ဟောခန်းကြီးက လူတွေ ပြည့်နေသည်ကို တွေ့လိုက်ရသဖြင့် စိတ်ထဲ လှုပ်ရှားသွားမိသည်။

ရှင်းခန့်မောင် ဒီလောက်လူတွေ အများကြီးရှေ့တွင် တစ်ခါမှ သီချင်းမဆိုဖူးဘူးလေ။

ထို့အပြင် စတိတ်စင်ရှေ့တည့်တည့် ပါချုပ်နှင့် ဌာနမှူးများ ထိုင်နေတဲ့ ခုံတန်းရဲ့နောက်ဘက်အတန်း၊ တစ်နည်းအားဖြင့် ပွဲကြည့်ပရိသတ်တွေရဲ့ အရှေ့ဆုံးခုံ လွန်းရတုဘေးတွင် ထိုင်နေသော စုံနံ့သာကို မြင်လိုက်ရသဖြင့် ပိုပြီးတော့ ရင်ခုန်သွားမိသည်။

Crush လေးက ရှင်းခန့်မောင် သီချင်းဆိုတာကို လာကြည့်နေတယ်တဲ့လေ။

ရှင်းတို့ကျောင်းက Fresher Welcome ကို အရှေ့တိုင်းဘာသာနှင့် အနောက်တိုင်းဘာသာ ဆိုပြီးတော့ မနက်နှင့် နေ့လည် နှစ်ပိုင်းခွဲပြီး ကျင်းပပေးတာဖြစ်သည်။ စုံစုံက အရှေ့တိုင်းဘာသာရပ်ထဲတွင်ပါဝင်သည့် ဂျပန်မေဂျာကဖြစ်သည့်အတွက် အနောက်တိုင်းဘာသာရပ်ဖြစ်သည့် ရှင်းတို့ Fresher Welcome ကို လာစရာအကြောင်းမရှိ။ ဒါကို ဒီလိုမျိုး တကူးတက လာကြည့်ပေးတယ်ဆိုတော့ ရှင်းပျော်မိသည်ပေါ့။

မရရအောင် အတူကြည့်ဖို့ ခေါ်လာပေးသော ချစ်ညီလေး လွန်းရတုကိုလည်း ကျေးဇူးတင်နေမိလေသည်။ ဒီကောင်လေးက နည်းနည်းလေး ပြောရဆိုရသာ ခက်တာ ဒါမျိုးကျတော့ ကူညီပေးဖော်ရလေသည်။

ပန်ကာတွေ အများကြီးဖွင့်ပေးထားသော်ငြား ရှင်းခန့်မောင် မျက်နှာ တစ်ပြင်လုံး ချွေးစေးတွေ ထွက်လို့လာနေပြီဖြစ်သည်။

ရှင်းခန့်မောင် အစက သီချင်းဆိုဖို့ ငြင်းဆန်သော်ငြား လွန်းနှင့် သူငယ်ချင်းတွေက စုံစုံရှေ့မှာ စုံစုံ့ကို သေချာ ကြည့်ပြီး ဆိုပြသင့်တယ်ဟုဆိုသဖြင့် အရဲစွန့်ကာ သီချင်းဆိုဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ တကယ်လည်း အခုနောက်ပိုင်းမှ စုံစုံနှင့် ရှင်းခန့်မောင်တို့ ပိုပြီးတော့ စကားပြောဖြစ်လာကာ ရင်းနှီးသလိုဖြစ်လာတာ။ ရင်းနှီးလာလေ ပိုပြီးတော့ စုံစုံ့ကို သဘောကျမိလေ ဖြစ်လာမိတာဖြစ်သည်။

My Crush Is A FujoushiDove le storie prendono vita. Scoprilo ora