Chapter (21)

25.6K 2.4K 171
                                    

Unicode

**********


ရှင်းခန့်မောင် Bakery အပေါက်ဝမှထွက်လာသည့် လွန်းရဲ့ အနောက်တွင်ပါလာသော နေဦးထွဋ်ကို ကြည့်ကာ မျက်မှောင်ကုတ်လိုက်မိသည်။

နေဦးထွဋ်ကို ရှင်းခန့်မောင် သေသေချာချာကြီးကို မှတ်မိနေသည်။

ဆေးရုံတွင် ရှင်းတို့ အဒေါ်ကို မလေးမစား ပြောသွားသည့် သူဌေးဆိုသည့် လူကြီးဖြစ်သည်။

အမှန်အတိုင်း ပြောရရင် ရှင်း နေဦးထွဋ်ကို တင်စီးလွန်းသည် ဟုထင်မိသည်။ ထို့ကြောင့် လွန်းကို ဖြစ်နိုင်ရင် မပတ်သက်ဖို့ ပြောမိရာ လွန်းက ကလန်ကဆန်လုပ်သဖြင့် လွန်းနှင့် ပြဿနာတက်ခဲ့သေးသည်။ ထိုပြဿနာတက်နေတာကို စုံစုံက ကြားသွားပြီး တစ်လွဲတွေ မြင်ကာ အခုအချိန်ထိ မိမိကို Gay တစ်ယောက်လို့ မြင်ခဲ့သည်။

ပြောရမည်ဆိုလျှင် ရှင်းခန့်မောင်ရဲ့ ကံဆိုးခြင်းတွေက ဒီလူကြီးကနေ စခဲ့တာဖြစ်သည်။ ဒါကြောင့် ဟုတ်ဟုတ် မဟုတ်ဟုတ် ရှင်းခန့်မောင် ဒီလူကြီးကို သဘောမကျပေ။

လွန်းကလည်း ကိတ်မုန့်တွေ ပေးပြီးသွားပြီ ဖြစ်သဖြင့် နေဦးထွဋ်နှင့် ပတ်သက်စရာ အကြောင်း မရှိတော့ပါဟု ပြောခဲ့သော်ငြား ဘာကြောင့် ထပ်တွေ့နေရသနည်း။ နောက်ထပ် သတိထားမိသည်က နေဦးထွဋ်ကပါ ရှင်းခန့်မောင်ကို မြင်တော့ မျက်မှောင်ကုတ်ကြည့်နေတာဖြစ်သည်။

လွန်းကတော့ ကားပါကင်တွင် မတ်တပ်ရပ်ကာ စောင့်နေသော ရှင်းကို မြင်တော့ ပြာပြာသလဲဖြင့် အနားကိုရောက်လာသည်။ နေဦးထွဋ်နှင့် အတူထွက်လာတာကို မြင်တော့ ရှင်းခန့်မောင် လွန်းကို ဆူမှာ ကြောက်သဖြင့် ဖြစ်သည်။

အစ်ကိုဖြစ်သူ လာကြိုခါနီးဖြစ်သဖြင့် လွန်းရဲ့ အနားတွင် တစ်ညနေလုံး တောက်တဲ့ ကပ်သလို ကပ်နေသော နေဦးထွဋ်ကို အတင်းနှင်ထုတ်သော်ငြား နေဦးထွဋ်က နည်းနည်းလေးတောင် မရွေ့ခဲ့။

အခုတော့ တည့်တည့်ကြီး တိုးလေပြီ။ ရှင်းခန့်မောင်ရော နေဦးထွဋ်ရော တစ်ယောက်နှင့် တစ်ယောက် ကြည့်နေကြသည်မှာ မျက်လုံးတွေက Laser Beam တွေပစ်နေသလို။ ကြားထဲတွင် ရောက်နေသော လွန်းသည်ပင် နေရကျုံ့လာသည်။ လွန်းတော့ အဆူခံရတော့မည်မှာ အသေအချာ။

My Crush Is A FujoushiWhere stories live. Discover now