Thank You !!

26K 2K 89
                                    

Unicode

*************

MCIAF ကျေးဇူးတင်စကား

နောက်ဆုံးတော့ နောက်ထပ် ဇာတ်လမ်းတစ်ပုဒ်အတွက် ကျေးဇူးတင်စကားပြောခွင့်ရခဲ့ပြီ။

ကျေးဇူးတင်စကား အရင်မပြောခင် တောင်းပန်စကား အရင်ပြောပါရစေ။

Update တွေ ကြာခဲ့တဲ့အတွက် Comment Reply တွေ မလုပ်နိုင်ခဲ့တဲ့အတွက် ပြီးတော့ တခြားတာဝန်တွေ ပျက်ကွက်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။

ပထမဦးဆုံး အနေနဲ့ ဒီဇာတ်လမ်းကို အခုအချိန်ထိ တောက်လျှောက်ဖတ်ပေးခဲ့တဲ့ စာဖတ်သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဇာတ်လမ်းမှာ Character တွေနဲ့ အတူတူ တောက်လျှောက် ခံစားပေးခဲ့အတွက် သူတို့ကို ချစ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငပျင်းစာရေးသူ ညမွှေးရဲ့ ရေးတစ်လှည့် မရေးတစ်လှည့် မကောင်းမကမ်း ဇာတ်လမ်းကို စိတ်ရှည်လက်ရှည်နဲ့ ပြီးဆုံးအောင် ဖတ်ပေးခဲ့တဲ့အတွက်ပါ။

စာဖတ်သူတွေမရှိရင် ညမွှေးပန်းဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီဇာတ်လမ်းလေးရဲ့ စာကြောင်း တစ်ကြောင်း ဖြစ်ဖြစ်၊ စာလုံးတစ်လုံးဖြစ်ဖြစ် ဖတ်ပေးခဲ့တဲ့ လူတစ်ယောက်ချင်းဆီတိုင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်လို့။

နောက်ထပ် ကျေးဇူးတင်ချင်တာက My Crush Is A Fujoushi Roleplayer Team ပါ။ Roleplayer ကြိုးစားပေးခဲ့လို့လည်း ဒီဇာတ်လမ်းကို အဆုံးအထိ ဆက်ရေးဖို့ Motivation တွေရခဲ့တာပါ။ တစ်ခါတစ်လေ ညမွှေး ပြောချင်ရာ လာပြောသမျှ နားထောင်ပေးခဲ့အတွက်ရောပါ။ အားလုံးကို ကျေးဇူးတင်ပြီးချစ်ပါတယ်။ စာရေးသူတစ်ယောက်အနေနဲ့ Roleplayer ကလေးတွေအပေါ် တာဝန်မကျေတာရှိခဲ့ရင် တောင်းပန်ပါတယ်။

နောက်ပြီးတော့ စာရေးဖို့အတွက် မရောက်တာကြာပြီဖြစ်တဲ့ YUFL ကို လာခဲ့တုန်းက သေချာ စိတ်ရှည်လက်ရှည်လိုက်ပြပေးခဲ့တဲ့ ညီမလေး သက်တန့်ရောင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဓာတ်ပုံလေးတွေ ရိုက်ပို့ပေးခဲ့တဲ့ ညီမလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပြီးတော့ အနားမှာ ရှိနေပေးတဲ့ သူငယ်ချင်း Vingy ကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ပြီးတော့ Fic Cover လေးတွေ လုပ်ပေးတဲ့ ညီမလေး Akari Xing, Ricky Tracy , ShinNge နဲ့ ChaosMagik တိို့ကိုကျေးဇူးတင်ပါတယ်။ အဖုံးလုပ်ပေးဖို့ ဆက်သွယ်ပေးပြီး အလကားလုပ်ပေးတဲ့ ကိုကြီးကိုလည်း ကျေးဇူးတင်ပါတယ်။

My Crush Is A FujoushiWhere stories live. Discover now